International News

ဆန်တင်သွင်းမှုအပေါ် ကောက်ခံမည့် အခွန်နှုန်းလျှော့ချ သတ်မှတ်ပေးရန် အဆိုပြုတင်ပြခြင်းအား ဖိလစ်ပိုင်အကောက်ခွန်ကော်မရှင်မှ ၁၅-၉-၂၀၂၃ ရက်နေ့တွင် စတင်ဆွေးနွေးသွားမည်ဖြစ်

Last Updated:

ဆန်တင်သွင်းမှုအပေါ် ကောက်ခံမည့်အခွန်နှုန်းလျှော့ချသတ်မှတ်ပေးရန် အဆိုပြုတင်ပြသည့်ကိစ္စအား ဖိလစ်ပိုင်အကောက်ခွန်ကော်မရှင်မှ ၁၅-၉-၂၀၂၃ ရက်နေ့တွင် စတင် ဆွေးနွေးသွားမည် ဖြစ်ပါသည်။ ဆွေးနွေးပွဲသို့ ဝင်ရောက်ဆွေးနွေးတင်ပြရန် စိတ်ပါဝင်စားသည့်လူပုဂ္ဂုလ်၊ အဖွဲ့အစည်းများအနေဖြင့် ဆွေးနွေးတင်ပြလိုသည့်အချက်အလက်များနှင့်တကွ ၁၄-၉-၂၀၂၃ ရက် နေ့မတိုင်မီ စာရင်းသွင်းရန်လည်း ထုတ်ပြန်ကြေညာ ခဲ့ပါသည်။

Foundation for Economic Freedom Inc; (FEF) မှ ဆန်တင်သွင်းခြင်းအတွက် Most Favoured Nation (MFN) အကောက်ခွန်နှုန်းထားအား In-Quota နှင့် Out-Quota နှစ်ခုစလုံးအတွက် ၃၅ % မှ ၁၀% သို့ လျှော့ချသတ်မှတ်ပေးရန်အဆိုပြုတင်ပြထားပါကြောင်း၊အဆိုပါတင်ပြမှုနှင့်စပ်လျဉ်း၍ ဝင်ရောက်ဆွေးနွေးရန် စိတ်ပါဝင်စားသည့် အဖွဲ့အစည်းများ၏ တင်ပြဆွေးနွေးသည့် အချက်အလက်များအပေါ် အခြေခံပြီး ဖိလစ်ပိုင် အကောက်ခွန်ကော်မရှင်မှ အတည်ပြုဆွေးနွေးဆုံးဖြတ်သွားမည် ဖြစ်ပါသည်။

စီးပွားရေးအကြံပေးအဖွဲ့မှ ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်နှုန်းထားအား ယာယီလျှော့ချသင့်သည်ဟု အကြံပြုတင်ပြထားကြောင်း ဖိလစ်ပိုင်ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Benjamin E. Diokno မှ ပြောကြားခဲ့ပြီး အခြားအဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့၏ ယူဆချက်များအပေါ် ပါဝင်ဆွေးနွေးလိုပါက တင်ပြလိုသည့် Position Paper များအား ၁၄-၉-၂၀၂၃ ရက်နေ့နောက်ဆုံးထား၍ အဆိုပြုတင်ပြနိုင်ကြောင်း ဖော်ပြပါရှိပါသည်။

သို့ရာတွင် ဖိလစ်ပိုင်ဘဏ္ဍာရေးဝန်ကြီးကမူ လျှော့ချမည့်အခွန်နှုန်းထားမှာ အာဆီယံအဖွဲ့ဝင် နိုင်ငံများ နှင့် Most Favoured Nations (MFN) နိုင်ငံများအတွက် ၀% မှ ၁၀% ကြားသာ ဖြစ်သင့်ကြောင်း အဆိုပြထားပါကြောင်း၊ သမ္မတမားကို့စ်အနေဖြင့်လည်း Rice Tariffication Law အရ လတ်တလော ၃၁-၈-၂၀၂၃ ရက်နေ့ ကထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ အမှတ် (၃၉)ပါအတိုင်း ဆန်တင်သွင်းမှုအတွက် ကောက်ခံသည့် အခွန်နှုန်းထားအား လွှတ်တော်တွင်ဆွေးနွေးနိုင်ခြင်းမရှိသော်လည်းသတ်မှတ်နိုင်ကြောင်းဖော်ပြထားပါသည်။ သို့သော် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် လွှတ်တော်တွင် ဆွေးနွေးနိုင်ခြင်းမရှိပါက အခွန်နှုန်းပြောင်းလဲသတ်မှတ်သွားရန်ကြေညာပြီး ၁၅ ရက်နောက်ပိုင်းမှစ၍စတင်အသက်ဝင်မည်ဖြစ်ပါသည်။

လွှတ်တော်ပြန်လည်စတင်ကျင်းပမည့်ရက်မှာ ၂၉-၉-၂၀၂၃ ရက်ဖြစ်သဖြင့် ဖိလစ်ပိုင်အကောက်ခွန် ကော်မရှင်အနေဖြင့် အကောက်ခွန်နှုန်းလျှော့ချမည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍  ပြည်သူ့များ၏ သဘောဆန္ဒများ အပေါ်ကြိုတင်ကြားနာပြီး ၂၉-၉-၂၀၂၃ ရက်နေ့မတိုင်မီအထိ ညှိနှိုင်းဆွေးနွေးမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

 

 

Source; https://mb.com.ph/2023/9/12/lower-rice-tariff-hearings-kick-off-on-friday

(ကေသွယ်ခိုင်၊ စီပွားရေးသံမှူး၊ မနီလာမြို့)

Category: International News