International News

ငွေကြေးဖောင်းပွမှု လျော့နည်းလာခြင်းကြောင့် ဒီဇင်ဘာလတွင် အမေရိကန်နိုင်ငံစားသုံးသူများ၏ ယုံကြည်မှုပိုမိုမြင့်မားလာခဲ့

Last Updated:

အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှု လျော့နည်းလာခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် စားသုံးသူများ၏ ယုံကြည်မှုပိုမိုမြင့်မားလာခဲ့ကြောင်း Wall Street Journal သတင်းစာ၏ အွန်လိုင်းသတင်း၌ ၈-၁၁-၂၀၂၃ ရက်နေ့တွင် “U.S. Consumer Confidence Jumps in December as Inflation Pressure Eases” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံ၊ မီချီဂန်တက္ကသိုလ်က ကောက်ယူခဲ့သည့်စစ်တမ်းအရ စားသုံးသူများ၏ ယုံကြည်မှုအညွှန်းကိန်း (Consumer Confidence Index) သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ကုန်ပိုင်းတွင် (၆၉.၄) ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း၊ စားသုံးသူများ၏ ယုံကြည်မှုအညွှန်းကိန်းသည် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ကျဆင်းခဲ့ပါကြောင်း၊ စားသုံးသူများ၏ ယုံကြည်မှု အညွှန်းကိန်း မြင့်တက်လာခြင်းသည် ငွေကြေးဖောင်းပွမှု လျော့နည်းလာမည်ဟု စားသုံးသူများက ယူဆ၍ဖြစ် ကြောင်း၊ စစ်တမ်းဖြေဆိုသူများအနက် (၁၄) ရာခိုင်နှုန်းက ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကြောင့် ၎င်းတို့၏ ယုံကြည်မှုမြင့်တက်လာခဲ့ကြောင်း၊ ဖြေဆိုသူများအနေဖြင့် သမ္မတရွေးကောက်ပွဲသည် အမေရိကန်စီးပွားရေးကို အကောင်းဘက်သို့ ဦးတည်နိုင်သည့် အခြေအနေများ ဖြစ်ပေါ်စေနိုင်သည်ဟု ယူဆကြပါကြောင်း၊ တင်းကျပ်သည့် ငွေကြေးမူဝါဒကြောင့် ယခုနှစ်ကုန်ပိုင်းတွင် ငွေကြေးဖောင်းပွမှုသည် လျော့နည်းလာခဲ့ပြီးနောက် အမေရိကန် ဗဟိုဘဏ်ကလည်း ငွေကြေး ဖောင်းပွမှုမြင့်တက်ခြင်းသည် ရပ်တန့်သည့်အခြေအနေသို့ ရောက်လာပြီဖြစ်သည်ဟု အရိပ်အမြွက်ပြောကြားခဲ့ပါကြောင်းဖြင့် သိရှိရပါသည်။

လက်ကားဒိုင်ကုန်စည်စာရင်းသည် ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) ကို တိုင်းတာရာတွင် အရေးပါပြီး ကုန်စည်ဒိုင်များရှိ ထိန်းသိမ်းထားသော ကုန်စည်အမယ်အရေအတွက်စာရင်း လျော့နည်းလာပါက ကုန်ပစ္စည်းများပြတ်လပ်ကာ စားသုံးသူများ၏ ယုံကြည်မှုလည်း လျော့နည်းလာနိုင်ပါကြောင်း တင်ပြအပ်ပါသည်။  

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News