International News

ဒါနန်းလေဆိပ်အား အပြည်ပြည်ဆိုင်ရာလေကြောင်း ပို့ဆောင်ရေး အဆင့်သတ်မှတ်ရေး အဖွဲ့အစည်း (Skytrax) မှ ကြယ်ငါးပွင့် အဆင့်သတ်မှတ်

Last Updated:

ဒါနန်း အပြည်ပြည်ဆိုင်ရာလေဆိပ်သည် နိုင်ငံတကာလေဆိပ်အဆင့် သတ်မှတ်ရေး အေဂျင်စီ (Skytrax) ၏ ကြယ်ငါးပွင့်အဆင့်လေဆိပ်အဖြစ် အသိအမှတ်ပြုခံရသည့် ဗီယက်နမ်တွင် ပထမဦးဆုံးနှင့် တစ်ခုတည်းသောလေဆိပ်ဖြစ်သည်။ Skytrax ၏ အဆင့်သတ်မှတ်ချက်များတွင် လေဆိပ်များနှင့် ဂိတ်များ၏ သာယာအဆင်ပြေမှုများ၊ အဆင့်မြင့် နားနေခန်းများ၊ ကလေးတွန်းလှည်းနှင့် ကလေးကစားစရာနေရာများ၊ ဈေးဝယ်လှည်းများ၊ ဆုတောင်းရန်နေရာများ၊ ခရီးဆောင်အိတ်ကို ကိုယ်တိုင် အလေးချိန်တွယ်နိုင်သည့် ဝန်ဆောင်မှုများ၊ ခရီးသည်များအနေဖြင့် လေယာဉ်လက်မှတ်အား လေဆိပ်ဝန်ထမ်းများ ကူညီမပါဘဲ ကိုယ်တိုင် ပုံနှိပ်ထုတ်ယူနိုင်ခြင်းတို့ပါဝင်သည်။ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းအထိ ကမ္ဘာပေါ်တွင် လေဆိပ် ၁၉ ခုနှင့် လေဆိပ်ဂိတ် ၃ ခုသာ Skytrax မှ ကြယ်ငါးပွင့်အဆင့်သတ်မှတ်ထားသည်။

ဗီယက်နမ်အလယ်ပိုင်းရှိ လေဆိပ်တည်နေရာသည် Hoi An ၊ Hue နှင့် Mỹ Sơn ကဲ့သို့သော နိုင်ငံ၏ နာမည်ကြီးဒေသများသို့ သွားရောက်လေ့လာလိုသည့် ခရီးသွားများအတွက် စံပြတံခါးပေါက်နေရာတစ်ခုဖြစ်ပါသည်။ Skytrax၏ အသိအမှတ်ပြုမှုဖြင့် ကမ္ဘာ့အကျော်ကြားဆုံး လေဆိပ်များနှင့် တန်းတူဖြစ်ပြီး အရှေ့တောင်အာရှ၏ ခရီးသွားနေရာတစ်ခုအဖြစ် ဗီယက်နမ်နိုင်ငံ၏ အနေအထားကို ပိုမိုခိုင်မာစေကြောင်း သုံးသပ်ရပါသည်။

 

 

 

 

Source: Vietnam Economic News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News