International News

အမေရိကန်၏ ဆင်းရဲနွမ်းပါးမှုအခြေအနေ မြင့်တက်လာခဲ့ကြောင်း သန်းခေါင်စာရင်း ကောက်ယူရေး ဗျူရို၏ ထုတ်ပြန်သည့်အချက်အလက်များက ဖော်ပြ

Last Updated:

အမေရိကန်၏ ဆင်းရဲနွမ်းပါးမှုအခြေအနေ မြင့်တက်လာခဲ့ကြောင်း သန်းခေါင်စာရင်း ကောက်ယူရေးဗျူရို (Census Bureau) ထုတ်ပြန်သည့်အချက်အလက်များက ဖော်ပြလျက်ရှိကြောင်းကို ၁၃-၉-၂၀၂၃ ရက် တွင် Washington Post အွန်လိုင်းသတင်း၌ “U.S. poverty spiked in 2022, reversing gains, Census Bureau data shows” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။  

အမေရိကန်နိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုသည် ၂၀၂၂ ခုနှစ်တွင် မြင့်တက်ခဲ့ပြီး ကလေးသူငယ်များ ဆင်းရဲနွမ်းပါးမှုအခြေအနေမှာ နှစ်ဆတက်လာကြောင်း အမေရိကန်သန်းခေါင်စာရင်းကောက်ယူရေးဗျူရိုက ထုတ်ပြန်ထားကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ကျန်းမာရေးအာမခံထားရှိခြင်းမရှိသည့် အရေအတွက်မှာ သိသာစွာ ကျဆင်းလာခဲ့ကြောင်း၊ အစိုးရက ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အကူအညီ အထောက်အပံ့များကို ရပ်တန့်လိုက်ခြင်းနှင့် အိမ်ထောင်စုများ၏ ဘဏ္ဍာရေး အခြေအနေအပေါ် ထိခိုက်မှုရှိခဲ့ခြင်းတို့ကြောင့် ဆင်းရဲနွမ်းပါးမှု မြင့်တက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှု (၁၂.၄) ရာခိုင်နှုန်းရှိပြီး ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်ပါက (၇.၈) ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ကြောင်း၊ အစိုးရအနေဖြင့် ဝင်ငွေနည်းမိသားစုများအတွက် အကူအညီပေးသည့် မူဝါဒများချမှတ်ဆောင်ရွက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၅) ထရီလီယံ အထောက်အပံ့ပေးခဲ့ပါကြောင်း၊ ကျန်းမာရေးအာမခံထားရှိမှုအချိုးသည် ၂၀၂၁ ခုနှစ်တွင် (၈.၃) ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် (၇.၉) ရာခိုင်နှုန်းသို့ကျဆင်းခဲ့ပါကြောင်း၊ ဆင်းရဲနွမ်းပါးမှု လေ့လာသူသုတေသီများက အမေရိကန် နိုင်ငံအနေဖြင့် ကလေးငယ်ရှိသည့်အိမ်ထောင်စုများအပေါ် အခွန်အကျိုးခံစား ခွင့်ပေးသည့် အစီအစဉ်မှာ ကလေးသူငယ်ဆင်းရဲနွမ်းပါးမှုကို ၂၀၂၁ ခုနှစ်တွင် (၅.၂) ရာခိုင်နှုန်းအထိ လျော့ကျစေခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ဆင်းရဲ နွမ်းပါးသူဦးရေ (၃၇.၉)သန်းရှိကြောင်း အချက်အလက်များအရသိရှိရပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရေးဗျူရိုက ထုတ်ပြန်ခဲ့သည့်အချက်အလက်များအရ အလယ်အလတ်အဆင့်ရှိ မိသားစုများ၏ ဝင်ငွေသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၇၆,၃၃၀) မှ  ၂၀၂၂ ခုနှစ်တွင် အမေရိကန် ဒေါ်လာ (၇၄,၅၈၀) သို့ ကျဆင်းခဲ့ကြောင်း၊ အချိန်ပြည့်နှင့် အချိန်ပိုင်းအလုပ်သမားများ၏ ဝင်ငွေမှာလည်း ၂၀၂၂ ခုနှစ်တွင် (၂.၂) ရာခိုင်နှုန်းအထိ ကျဆင်း ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် အမျိုးသမီးအလုပ်သမားများ၏ (၆၅.၆) ရာခိုင်နှုန်းသည် အချိန်ပြည့် အလုပ်သမားများဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အကြားတွင် နေထိုင်မှုကုန်ကျစရိတ်သည် (၇.၈) ရာခိုင်နှုန်းသို့ တိုးလာခဲ့ပြီး ဤသို့တိုးခြင်းသည် ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းတွင် အမြင့်ဆုံးဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွက် ဆင်းရဲနွမ်းပါးမှုအဆင့်သတ်မှတ်ချက်မှာ တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ (၁၃,၅၉၀)နှင့် လူဦးရေ (၃)ဦး ရှိသည့် မိသားစုအတွက်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ (၂၃,၀၃၀) ဖြစ်ကြောင်း၊ အမေရိကန်သန်းခေါင်စာရင်း ကောက်ယူရေးဗျူရိုသည် ဆင်းရဲနွမ်းပါးမှုအချက်အလက် များကို ဝင်ငွေနှင့် ကျန်းမာရေးအာမခံအချက်အလက်များအပေါ်အခြေခံ၍ ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကျန်းမာရေးအာမခံထားရှိခြင်း မရှိသူဦးရေ (၂၇.၂) သန်းမှ ၂၀၂၂ ခုနှစ်တွင် (၂၅.၉) သန်းသို့ ကျဆင်းခဲ့ကြောင်း၊ လူမျိုးနှင့် တိုင်းရင်းသားအုပ်စုများအကြား ကျန်းမာရေးအာမခံထားရှိမှု ရာခိုင်နှုန်းမှာ ကွာခြားမှုရှိပြီး ၂၀၂၂ ခုနှစ်တွင် အမေရိကန် အရွယ်ရောက်ပြီးသူလူဖြူများ (White Adults)၏ (၆.၈)ရာခိုင်နှုန်း၊ အရွယ်ရောက်ပြီးသူအာရှတိုက်သား (Asian Adults)၏ (၇.၄) ရာခိုင်နှုန်း၊ အရွယ်ရောက်ပြီးသူလူမည်းများ (Black Adults)၏ (၁၁.၄) ရာခိုင်နှုန်းနှင့် အရွယ်ရောက်ပြီး စပိန်ဘာသာစကားပြောသူများ (Hispanic Adults)၏ (၂၃.၄) ရာခိုင်နှုန်းတို့မှာ ကျန်းမာရေး အာမခံ ထားရှိနိုင်ခြင်းမရှိသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားပါသည်။

 

 

 

Source: https://www.washingtonpost.com/dc-md-va/2023/09/12/us-poverty-rate-census-uninsured-2022/

(စီးပွားရေးသံမှူူး၊ ဝါရှင်တန်မြို့)

Category: International News