International News

(၆၉) ကြိမ်မြောက် ဗန်ကောက် လက်ဝတ်ရတနာပြပွဲအတွက် ပြခန်းနေရာ ကြိုတင်ရယူထားနိုင်ပြီ ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန (DITP)၊ Gem and Jewelry Institute of Thailand (GIT) တို့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား

Last Updated:

(၆၈) ကြိမ် မြောက် ဗန်ကောက် လက်ဝတ်ရတနာပြပွဲကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ the Queen Sirikit National Convention Center (QSNCC) တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ဗန်ကောက်လက်ဝတ်ရတနာပြပွဲကို (၁)နှစ်လျှင် (၂)ကြိမ် ကျင်းပပြုလုပ်လျက်ရှိရာ (၆၉) ကြိမ်မြောက် လက်ဝတ်ရတနာပြပွဲကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ လည်း ကောင်း၊ (၇၀) ကြိမ်မြောက် လက်ဝတ်ရတနာပြပွဲကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှ ၁၃ ရက် နေ့ အထိ လည်းကောင်း ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ the Queen Sirikit National Convention Center (QSNCC) တွင် ကျင်းပသွားမည် ဖြစ်ပါသည်။

ပြပွဲတွင် ပါဝင်ပြသနိုင်ရေးအတွက် ပြခန်းများကို ကြိုတင်ရယူထားနိုင်ရေးအတွက် ဖွင့်လှစ်ထား ပြီဖြစ်ကြောင်းနှင့် အသေးစိတ် အချက်အလက်များအတွက် ဖုန်းနံပါတ် ၀၂ ၆၃၄ ၄၉၉၉ နှင့် လိုင်းခွဲ ၆၃၉ တို့သို့ ချိတ်ဆက်မေးမြန်းနိုင်ပါကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

 

 

 

Source: https://www.bkkgems.com/for_press/1-11

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: International News