International News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ စားသုံးသူဈေးဆနှုန်းနှင့်ပတ်သက်၍ သမ္မတဂျိုးဘိုင်ဒင်၏ ထုတ်ပြန်ချက်

Last Updated:

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ စားသုံးသူဈေးဆနှုန်းနှင့် ပတ်သက်၍ သမ္မတဂျိုးဘိုင်ဒင်၏ ထုတ်ပြန်ချက်အား The White House ဝက်ဘ်ဆိုက်၌  ၁၄-၁၁-၂၀၂၃ ရက်နေ့တွင် “Statement from President Joe Biden on the October Consumer Price Index” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါ သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံ၏ အလုပ်အကိုင် ဈေးကွက်ပိုမိုခိုင်မာလာပြီး ငွေကြေးဖောင်းပွမှု ကျဆင်းသည်ကို တွေ့ရှိရပါကြောင်း၊ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းသည် (၃.၂) ရာခိုင်နှုန်းရှိခဲ့ရာ ယခုအခါ (၆၅) ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ ကြောင်း၊ ဓာတ်ဆီဈေးနှုန်းသည် တစ်ဂါလံလျှင် အမေရိကန်ဒေါ်လာ (၃.၄၀) အောက်သို့ရောက်ရှိခဲ့ပြီး ရုရှား-ယူကရိန်း ပဋိပက္ခနောက်ပိုင်း မြင့်တက်ခဲ့သည့် ဈေးနှုန်းအောက် အမေရိကန်ဒေါ်လာ (၁.၆၅) အထိ ကျဆင်းခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ (၂၁) လအတွင်း ငွေကြေးဖောင်းပွမှု လျော့ကျလာခဲ့သ လို အလုပ်လက်မဲ့နှုန်းမှာ (၄) ရာခိုင်နှုန်းအောက်သို့ ရောက်ရှိခဲ့ကြောင်း၊ ဤလျော့ကျလာမှုသည် နှစ်ပေါင်း (၅၀) အတွင်း ကာလအရှည်ဆုံးဖြစ်ကြောင်း၊ လုပ်ခလစာ၊ ကြွယ်ဝမှုနှင့် အလုပ်လုပ်ကိုင်နိုင်သည့် အသက်ရွယ်တွင် အလုပ်အကိုင်ရရှိမှုတို့သည် ကိုဗစ်-၁၉ ကူးစက်ရောဂါ မတိုင်မီကာလထက် ပို၍တိုးတက်ကောင်းမွန်လာခဲ့ကြောင်း၊ အမေရိကန်ပြည်သူများနှင့် မိသားစုများအတွက် ဈေးနှုန်းများ လျှော့ချနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး လေယာဉ်ခ၊ ဝင်ကြေးစသည့် နှုန်းထားများ မြင့်တက်မှုကို လျော့ချရန်၊ ကျန်းမာရေးစောင့်ရှောက်မှု အာမခံကြေးနှင့် ဆေးဝါးခ၊ စွမ်းအင်အသုံးစရိတ်များကို လျော့နည်းစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရီပတ်ဘလင်ကန် လွှတ်တော်အမတ်များအနေဖြင့် ဆေးကုမ္ပဏီကြီးများနှင့် ၎င်းတို့၏အခြားသော အကျိုးအမြတ်များအတွက် ချမ်းသာကြွယ်ဝသည့် လုပ်ငန်းစုကြီးများဘက်မှ ရပ်တည်ကာ အမေရိကန် မိသားစုများအတွက် ဈေးနှုန်းလျော့နည်းအောင် ဆောင်ရွက်လျက်ရှိသည်ကို တားဆီးလျက်ရှိကြကြောင်း၊ ထိုသို့တားဆီးမှုများကို ဆောင်ရွက်ခွင့်ပြု မည်မဟုတ်ကြောင်းဖြင့် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News