International News

အာရှပစိဖိတ်ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Asia Pacific Economic Cooperation) နိုင်ငံ့ခေါင်းဆောင်များအတွက် ကြိုဆိုဧည့်ခံပွဲအခမ်းအနားတွင် သမ္မတဘိုင်ဒင် မိန့်ခွန်းပြောကြား

Last Updated:

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့တွင်ကျင်းပသည့် အေပက် (APEC) ခေါ် အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Asia Pacific Economic Cooperation) နိုင်ငံ့ခေါင်းဆောင်များအတွက် တည်ခင်းသည့် ကြိုဆိုဧည့်ခံပွဲအခမ်းအနား၌ သမ္မတဘိုင်ဒင်က ၁၆-၁၁-၂၀၂၃ ရက်နေ့တွင် မိန့်ခွန်းပြောကြားခဲ့ကြောင်း The White House ဝက်ဘ်ဆိုက်တွင်  “Remarks by President Biden at a Welcome Reception for APEC Leaders” ခေါင်းစဉ်ဖြင့် ဖော်ပြချက်အရသိရှိရပါသည်။ 

အမေရိကန်သမ္မတဘိုင်ဒင်သည် အေပက်ခေါင်းဆောင်များအတွက် တည်ခင်းသည့် ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ပြီး အဆိုပါဧည့်ခံပွဲ၌ မိန့်ခွန်းပြောကြားရာတွင် ၎င်းအနေဖြင့် သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ပြီး သမ္မတရှီကျင့်ဖျင် အသက် (၃၀) နှစ်အရွယ်ခန့်တွင် ဆန်ဖရန်စစ္စကိုမြို့ရှိ၊ ဂိုးဒင်းဂိတ်တံတားနောက်ခံထား၍ ရိုက်ကူးထားသည့်ဓာတ်ပုံအား ပြသခဲ့ပါကြောင်း၊ ၎င်းအနေဖြင့် အဆိုပါဓာတ်ပုံကိုကြိုက်နှစ်သက်ခဲ့ကြောင်း၊ The Bay Area သည် လူအများစုအတွက် အမှတ်တရနေရာတစ်ခုဖြစ်ပြီး မျိုးဆက်အသီးသီးအတွက် သစ်လွင်သော အိမ်မက်များကို ဖန်တီးပေးနိုင်သည့် ဒေသတစ်ခုလည်းဖြစ် ကြောင်း၊ အမေရိကန်နိုင်ငံသည် ဆန်ဖရန်စစ္စကိုမြို့မှတစ်ဆင့် ပစိဖိတ်သမုဒ္ဒရာတစ်လျှောက် နိုင်ငံအနှံ့အပြားသို့ သွားလာနိုင်ကာ ဂိုးလ်ဒင်းဂိတ်တံတားထက် ခိုင်မြဲသည့် ဆက်ဆံရေးများကို အဆိုပါနိုင်ငံများနှင့် ထူထောင်နိုင်ခဲ့ကြောင်း၊ တံတားများ တည်ဆောက်ခြင်းသည် သမိုင်းကြောင်းနှင့် ဆက်စပ်နေပြီး အမေရိကန်နိုင်ငံ၏ အခြေခံအုတ်မြစ်သည် ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ် သမားများ၏ သွေးချွေးများပါဝင်နေပါကြောင်း၊ တံတားများ တည်ဆောက်ခြင်းဖြင့် ကွဲပြားနေသည့် လူမှုအဖွဲ့အစည်းများကို ဆက်သွယ်ပေးကြောင်း၊ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုနှင့် ဘာသာစကားကွဲပြားချက်များတွင် လူထုကိုယ်တိုင်နှင့် ၎င်းတို့၏ မျိုးဆက်သစ်များအတွက် တူညီသောဘုံအိမ်မက်များကို ရှာတွေ့နိုင်ပါကြောင်း၊ ထို့အပြင် ဆက်သွယ်ခြင်းသည် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ အတွေးအမြင်သစ်များကို သယ်ဆောင်လာနိုင်ကြောင်း၊ လာမည့်ရက်များတွင်ကျင်းပမည့် ထိပ်သီးအစည်းအဝေးများတွင် အာရှပစိဖိတ်ဒေသ၏ အနာဂတ်ဖြစ်နိုင်ခြေများစွာကို အကောင်အထည်ဖော်ရန် ခြေလှမ်းစတင်ခြင်းဖြင့် စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် လုပ်ငန်းအသစ်များ စတင်မိတ်ဆက်ရန် စသည်တို့အတွက်  ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဖြင့် ဆက်သွယ်မှုအသစ်များနှင့် ပူးပေါင်းဆောင်ရွက်မှုအသစ်များကို ယူဆောင်လာနိုင်မည်ဖြစ်ကြောင်း၊အေပက်အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးသည်ခိုင်မာပြီး အားမန်ပြည့်ဝသော၊ ရေရှည်တည်တံ့သော စီးပွားရေးဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို လူမှုအသိုင်းအဝိုင်း၏ ကဏ္ဍတိုင်းတွင် တန်းတူညီမျှ အပြည့်အဝ ပါဝင်ခွင့်ပြုထားပါကြောင်း၊ လွှတ်တော်တွင် အမျိုးသမီး အရေအတွက်သည် အမျိုးသားအရေအတွက်ထက် ပိုများပါကြောင်း၊ လူငယ်များအနေဖြင့်လည်း ၎င်းတို့၏ ဘဝအတွက် ရည်မှန်းချက်ထားနိုင်ပါကြောင်း၊ လာမည့် အေပက်အစည်းအဝေးများတွင် ဉာဏ်ရည်တုနည်းပညာကို အသုံးပြု၍ လက်ရှိကြုံတွေ့နေရသည့် လုံခြုံရေးဆိုင်ရာ အန္တရာယ်များကိုလျှော့ချလျက် ကမ္ဘာကြီးနှင့် လူသားများ၏ဘဝကို မြှင့်တင်နိုင်ရေးအတွက် မည်သို့အသုံးချနိုင်မည်ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ကာဗွန်ထုတ်လွှတ်မှုကို လျော့ချရန်နှင့် လူသားများကို ခြိမ်းခြောက်နေသည့် ရာသီဥတုကပ်ဘေးများကို တားဆီးရန် အရေးတကြီး လိုအပ်ချက်များကို အရေးယူဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ကူးစက်ရောဂါ၊ သဘာဝဘေးအန္တရာယ်ကဲ့သို့သော ခြိမ်းခြောက်မှုများကို ခံနိုင်ရည်ရှိစေသည့်၊ သန့်ရှင်းသော စီးပွားရေးအတွက် ခိုင်မာသောအုတ်မြစ်တစ်ရပ် တည်ဆောက်နိုင်သည့် ထောက်ပံ့ရေးကွင်းဆက်များ တည်ဆောက်သွားလိုပါကြောင်း၊ စိန်ခေါ်မှုများစွာ ရှိနေနိုင်သော်လည်း ပထမဆုံးအေပက် ထိပ်သီးအစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သည့် “Connection, Cooperation, Collective Action and Common Purpose” အတိုင်း ဆက်လက်ဆောင်ရွက်ပါက အဆိုပါ စိန်ခေါ်မှုများမှာ ကြီးထွားမလာဘဲ မူလအတိုင်း ကျန်ရှိနေမည်ဖြစ်ကြောင်း၊ အေပက်အဖွဲ့ဝင်နိုင်ငံများ၏ တိုးတက်မှုများနှင့် ပြည်သူအချင်းချင်းအကြား ဆက်သွယ်မှုများကို မကြာမီမြင်တွေ့နိုင်မည်ဖြစ် ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်သမ္မတ ဘိုင်ဒင်သည် အေပက်ခေါင်းဆောင်များအတွက် တည်ခင်းသည့်ဧည့်ခံပွဲ၌ ပြောကြားခဲ့သည့် မိန့်ခွန်းဆိုင်ရာ ထုတ်ပြန်ချက်မိတ္တူကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News