International News

Import Commodity Clearance (ICC) အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရန်ကျန်ရှိနေမှုအပေါ် Wilcon စီးပွားရေးအုပ်စုမှ ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနသို့ မေးမြန်း

Last Updated:

ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုကို ထိခိုက်စေသော အကြောင်းအရင်းတစ်ချက်ဖြစ်သည့် Import Commodity Clearance (ICC) Certificates များအား ထုတ်ပေးရန် ကြန့်ကြာနေမှုအပေါ် စစ်ဆေးပေးရန် ဆောက်လုပ်ရေးပစ္စည်းများ လက်လီရောင်းချနေသည့် အုပ်စုဖြစ်သော Wilcon Depot Inc မှ ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနသို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန လက်အောက်ခံဌာနတစ်ခုဖြစ်သော Bureau of Philippines Standards (BPS) ၏ ဝက်ဘ်ဆိုက်တွင်ဖော်ပြထားချက်များအရ  တင်သွင်းလာသည့် ကုန်ပစ္စည်းအား ဖိလစ်ပိုင်နိုင်ငံအတွင်းဖြန့်ချိခြင်းမပြုမီ BPS မှ ထုတ်ပေးသည့် ICC Certificates များ မဖြစ်မနေရရှိထားရန် လိုအပ်ပါကြောင်း၊ အဆိုပါ ICC Certificates နှင့် ICC Stickers များသည် တင်သွင်းလာသည့်ကုန်ပစ္စည်းများအား စစ်ဆေးခြင်း၊ အတည်ပြုခြင်း၊ အရည်အသွေးစစ်ဆေးပြီးကြောင်း ဓာတ်ခွဲခန်းထောက်ခံချက်စသည့် လုပ်ငန်းစဉ်များပြီးစီးခြင်းကို အသိအမှတ်ပြုပေးသည့် အမှတ်အသားတစ်ခုဖြစ်ကြောင်း BPS မှ ပြောကြားခဲ့ပါသည်။

မိမိတို့လုပ်ငန်းများမှာ အချိန်မီမြန်မြန်ရောင်းချရသော ကုန်စည်များမဟုတ်ခြင်း၊ သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ကြွေပြားတို့ဖြစ်ခြင်းကြောင့် ၂နှစ်၊ ၃နှစ် သို့မဟုတ် ၅ နှစ်ထိ ကောင်းမွန်နိုင်သည့် ကုန်ပစ္စည်းများဖြစ်ခြင်းကြောင့် Wilcon Store အနေဖြင့် ကုန်ပစ္စည်းလက်ကျန်များမှာ ထောင်ပေါင်း များစွာသော စတိုခန်းများတွင် ရှိနေပြီး ကုန်ပစ္စည်းတစ်ခုစီပါပေါ်တွင် ICC Certificates များရရှိရန် လိုအပ်နေပါကြောင်း Makati Business Club (MBC) နှင့် ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် ဖိုရမ်တစ်ခုတွင် တင်ပြခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

ကုမ္ပဏီအနေဖြင့် ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနအကြီးအကဲထံသို့ ကြုံတွေ့နေရသည့် အခက်အခဲများအား တင်ပြထားပါကြောင်း၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိစေရန်ဆောင်ရွက်ထားသော်လည်း ICC Certificates ထုတ်ပေးမှုကြန့်ကြာနေခြင်းအတွက် မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းနှင့် မိမိတို့၏ကုန်ပစ္စည်းများမှလည်း ဈေးကွက်အတွင်း ဆက်လက်ဖြန့်ချိနိုင်ရေး ICC Certificates မှာ လိုအပ်လျက်ရှိပါကြောင်း ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှလည်း ပြန်လည်စစ်ဆေးလျက်ရှိပါကြောင်း ဖော်ပြထားပါသည်။

 

 

Source; https://businessmirror.com.ph/2023/07/18/wilcon-asks-dti-to-address-icc-certificate- backlog/

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News