International News

ဩဂုတ်လအတွင်း အမေရိကန်နိုင်ငံ၏ဓာတ်ဆီဈေးနှုန်း မြင့်တက်ခြင်းကြောင့် လက်ကားကုန်စည် ရောင်းအားတက်လာခဲ့

Last Updated:

ဩဂုတ်လအတွင်း အမေရိကန်နိုင်ငံ၏ ဓာတ်ဆီဈေးနှုန်းမြင့်တက်ခြင်းကြောင့် လက်ကားကုန်စည် ရောင်းအားတက်လာခဲ့ကြောင်း ၁၄-၉-၂၀၂၃ ရက်တွင် World Street Journal အွန်လိုင်းသတင်း၌ “Higher Gasoline Prices Boost Retail Sales” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။  

ဩဂုတ်လအတွင်း ဓာတ်ဆီဈေးနှုန်းမြင့်တက်ခဲ့သဖြင့် စားသုံးသူများသည် အခြားကုန်စည်များတွင် သုံးစွဲမှုလျော့နည်းကာ အမေရိကန်နိုင်ငံ၏ လက်ကားဈေးကွက်ရောင်းအားကို မြင့်တက်စေခဲ့ကြောင်း၊ လက်ကားဈေးကွက်ရောင်းအားကို စတိုးဆိုင်၊ အွန်လိုင်းနှင့် စားသောက်ဆိုင်များရှိ ရောင်းအားဖြင့် တိုင်းတာကြောင်း၊ ဩဂုတ်လရောင်းအားသည် ဇူလိုင်လရောင်းအားထက် (၀.၆) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ အဆိုပါရောင်းအားတွင် ဓာတ်ဆီရောင်းအား မပါဝင်ကြောင်း၊ ဓာတ်ဆီတစ်ဂါလံ ပျမ်းမျှဈေးနှုန်း သည် ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ(၃.၆၀)ရှိခဲ့ရာ ဩဂုတ်လတွင် ပျမ်းမျှဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ(၃.၈၄) သို့ တိုးလာခဲ့ကြောင်းဖော်ပြထားပါသည်။ 

ဈေးဝယ်သူများသည် အီလက်ထရောနစ်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများတွင် အများအပြား သုံးစွဲခဲ့ကြပြီး ကျောင်းများပြန်လည်ဖွင့်လှစ်သည့်အချိန်ဖြစ်၍ အဝတ်အထည်ဆိုင်များတွင် ဈေးဝယ်သူများပြားခဲ့ကြောင်း၊ မော်တော်ကားဝယ်ယူသူများလည်း များပြားခဲ့ကြောင်း၊ ဩဂုတ်လအတွင်း ငွေကြေးသုံး စွဲမှုများလာခြင်းကြောင့် အမေရိကန်၏ စီးပွားရေးမှာပြန်လည်နလန်ထူလာနိုင်ခဲ့သော်လည်း အလုပ်အကိုင်အခွင့်အလမ်းနှင့် လုပ်ခလစာ တိုးနှုန်းမှာ ပုံမှန်အတိုင်းရှိနေပြီး လုပ်ခလစာပိုများသည့် အလုပ်အကိုင်များကို ရွေးချယ်လုပ်ကိုင်ရန် အခြေအနေများကတွန်းအားပေးလျက်ရှိကြောင်း၊ ဇူလိုင်လတွင် အမေဇုံ Prime Day Promotion ကြောင့် ရောင်းအားမြင့်တက်ခဲ့သော်လည်း အွန်လိုင်းရောင်းအားမှာ ဩဂုတ်လတွင် တည်ငြိမ်နေခဲ့ကြောင်း၊ ခရီးသွားလာခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေရာထိုင်ခင်း စသည့်ဝန်ဆောင်မှုများထက် ကုန်စည်များ၏ ရောင်းအားပိုမိုမြင့်တက်ခဲ့ကြောင်း၊ အမေရိကန်စားသုံးသူများသည် ဈေးနှုန်းမြင့်တက်မှုကြောင့် ငွေကြေးကိုဂရုတစိုက်သုံးစွဲလာခဲ့ကြပြီး လျော့ဈေးဖြင့်ရောင်းချသည့် ဈေးဆိုင်များနှင့် ဈေးနှုန်းသက်သာသည့်ဆိုင်များတွင် ဝယ်ယူလာကြကြောင်း ဖော်ပြထားပါသည်။

 

Source: https://www.wsj.com/economy/jump-in-gasoline-prices-boosts-august-retail-sales-fb1bd976?mod=economy_lead_pos1

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News