International News

အိန္ဒိယ၏ ဆန်တင်ပို့မှုကန့်သတ်ချက်ပယ်ဖျက်လိုက်ခြင်းကြောင့် ၂၀၂၅ ဘဏ္ဍာနှစ်တွင် လယ်ယာထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံကျော် ရရှိနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြား

Last Updated:

၀ယ်လိုအားကောင်းမွန်မှုနှင့် ဘာစမာတီမဟုတ်သော ဆန်များအပေါ် ကန့်သတ်ချက်များ ရုတ်သိမ်းခြင်းကြောင့် အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးပို့ကုန်သည်  ၂၀၂၄-၂၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၅၀ ဘီလီယံကျော်ရရှိရေး မျှော်မှန်းထားကြောင်းနှင့်  ဆန်၊ ဂျုံနှင့် သကြားတို့တင်ပို့မှု အပေါ်ကန့်သတ်ထားခြင်းကြောင့် စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၆ ဘီလီ ယံမှ ၇ ဘီလီယံခန့်အထိ သက်ရောက်မှုရှိကြောင်း တာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ဆန်တင်ပို့မှုသည် ယခင်နှစ်က တန်ချိန် ၁၄-၁၅ သန်းသာရှိခဲ့ရာမှ  ယခုနှစ်ဘဏ္ဍာရေး နှစ်တွင် တန်ချိန် ၁၇-၁၈ သန်းအထိ ရှိလာဖွယ်ရှိကြောင်း၊ ပို့ကုန်အတွက် ကြီးမားစွာမြှင့်တင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊  ဘာစမာတီ တင်ပို့မှုသည် တန်ချိန် ၅.၅ သန်းအထိ ရှိနိုင် ပြီး၊ ပေါင်းဆန်တင်ပို့မှုမျာ တန်ချိန် ၇ သန်း သို့မဟုတ် ၈ သန်းခန့်နှင့် ဘာစမာတီမဟုတ်သော ဆန် ဖြူတန်ချိန် ၄ သန်းကျော်ရှိနိုင်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။

ဂျုံတင်ပို့မှု ပိတ်ပင်ထားမှု ရုတ်သိမ်းရေး ဆွေးနွေးမှုများနှင့် ပတ်သက်၍ တာဝန်ရှိသူများက ယခုအချိန်အထိ အစီအစဉ် မရှိသေးကြောင်း ပြောကြားထားပြီး ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနသည် လယ်ယာထွက်ကုန် တင်ပို့မှုမှ ၂၀၃၀ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ ရရှိ ရန် ရည်မှန်းထားကြောင်းလည်း သိရှိရသည်။

အောက်တိုဘာလတွင် အစိုးရကဘာစမာတီမဟုတ်သော ဆန်ဖြူများ ပြည်ပသို့ တင်ပို့မှု အပေါ်တားမြစ်ချက်အားဖယ်ရှားခဲ့သကဲ့သို့ ပေါင်းဆန်နှင့် ဆန်လုံးညို (husked brown) တို့ကို တင်ပို့ခွန်ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုခဲ့သည်။ အဆိုပါ မူဝါဒ၊ အစီအမံများသည် နိုင်ငံတွင်း လက်လီဈေးနှုန်းများကို ထိန်းသိမ်းထားနိုင်ပြီး အရန်ဆန်သိုလှောင်ထားရှိမှုများ ပိုလျှံသည့် အချိန် တွင် ချမှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

အိန္ဒိယနိုင်ငံသည် ယခုဘဏ္ဍာရေးနှစ် ဧပြီလမှ သြဂုတ်လအတွင်းတွင်  ဘာစမာတီမဟုတ် သောဆန်ဖြူအား အမေရိကန်ဒေါ်လာ ၂၀၁ သန်း တန်ဖိုးတင်ပို့ခဲ့သည်။ ၂၀၂၃-၂၄ ဘဏ္ဍနှစ်တွင် ယင်းဆန်ဖြူတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၅၂.၅၂ သန်း ရရှိခဲ့သည်။ ယင်းကာလအတွင်း အိန္ဒိယသည် ဆန်ဖြူတင်ပို့မှုကို ပိတ်ပင်ထားသော်လည်း မော်လ်ဒိုက်၊ မောရစ်ရှပ်၊ ယူအေအီးနှင့် အာဖရိကနိုင်ငံများကဲ့သို့ ချစ်ကြည်ရင်းနှီးသော နိုင်ငံများသို့ တင်ပို့ခွင့်ပြုခဲ့သည်ကို တွေ့ရှိရသည်။

အိန္ဒိယနိုင်ငံသည် ဆန်အမျိုးအစားမျိုးစုံကို စားသုံးမှုမြင့်မားသကဲ့သို့ ကမ္ဘာ့ဆန်ဈေးကွက်တွင် လည်းဝယ်လိုအားမြင့်မားပြီး  ရုရှားနှင့် ယူကရိန်းကြားစစ်ပွဲသည် ရိက္ခာဆန်ထောက်ပံ့မှု ကွင်းဆက်ကို အနှောင့်အယှက်ဖြစ်စေသည့် အကြောင်းရင်းများထဲမှတစ်ခုဖြစ်သည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များအတွက် မူဝါဒများကို ပြည်တွင်းစိုက်ပျိုးထုတ်လုပ်နိုင်မှုနှင့် ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ကမ္ဘာ့ပထဝီစီးပွားရေး အခြေ အနေများကို ထည့်သွင်းစဉ်းစားကာ ချမှတ်ကျင့်သုံးဆောင်ရွက်နေမှုအား သိရှိနိုင်ပါရန်နှင့် ဘာစ မာတီမဟုတ်သည့် ဆန်ဖြူတင်ပို့မှု ကန့်သတ်ချက်ဖယ်ရှားခဲ့မှုကြောင့် ကမ္ဘာ့ဆန်ဈေးကွက် အပေါ် သက်ရောက်မှုများရှိလာနိုင်မှုတို့အား သိရှိရပါသည်။

Source: Lifting rice export curbs to help push agri shipments over USD 50 bn in FY25: Official, The Economic Times, 12 November, 2024.

စီးပွားရေးသံမှူး၊ နယူးဒေလီမြို့

Category: International News