International News

ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား တွေ့ဆုံပွဲတစ်ခု စတင်သွားရန်ရှိ

Last Updated:

အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် အစည်းအဝေးပြီးနောက်နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်ပြန်လည်ကျင်းပမည့် ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ပူးတွဲကုန်သွယ်မှုကော်မတီ (Joint Trade Committee –JTC) အစည်းအဝေးသို့ ကိုယ်စားလှယ်အဖြစ် ပါဝင်တက်ရောက် မည်ဖြစ်ကြောင်း  ထိုင်းနိုင်ငံ၊ ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာနမှ သိရှိရပါသည်။

နယူးဒေလီတွင် ကျင်းပသွားမည့် အဆိုပါအစည်းအဝေးတွင် တင်သွင်းမှုအပေါ် ကန့်သတ်ချက်များ၊ လယ်ယာနှင့် တိရစ္ဆာန်ထွက်ကုန်ပစ္စည်းများ အတွက် ဈေးကွက်ဖွင့်လှစ်နိုင်ရေး၊ ဒီဂျစ်တယ်စနစ်ဖြင့် လက်မှတ်ရေးထိုးခြင်း၊ ပင်ရင်းဒေသသက်သေခံလက်မှတ်များ အတည်ပြုခြင်း၊ ထုတ်ကုန် စံနှုန်းများလက်ခံခြင်း၊ ရုပ်ရှင်ရိုက်ကူးရေးနှင့် ကျန်းမာရေးဆိုင်ရာ ခရီးသွားလုပ်ငန်းစသည်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ပါသည်။

ထိုင်း-အိန္ဒိယ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (Free Trade Agreement) နှင့် အာဆီယံ-အိန္ဒိယ FTA များအပေါ် အလေးထား ဆွေးနွေးနေသောကြောင့် အစည်းအဝေးကျင်းပရန် ကြန့်ကြာနေခြင်းဖြစ်ပြီး ယခုအစည်းအဝေးတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင် နိုင်ရေးအတွက် ကုန်သွယ်ရေးအတားအဆီးများနှင့် စပ်လျဉ်း၍ ဦးတည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာ့လူဦးရေ၏ ၁၇ရာခိုင်နှုန်း (၁.၄ ဘီလီယံ) ရှိသော်လည်း လွန်ခဲ့သော နှစ် ၂၀ အတွင်း စီးပွားရေးသိသိသာသာ တိုးတက်လာခဲ့ပြီး GDP ၃.၅ ထရီလီယံဖြင့် ကမ္ဘာ့အဆင့် ၅ နေရာတွင် ရပ်တည်လျက်ရှိပါသည်။ ဒီဂျစ်တယ်နည်းပညာနှင့် ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှု မူဝါဒများတွင် အဓိကတိုးတက်လာခဲ့ပြီး စီးပွားရေးဆောင်ရွက်ရန် အလွယ်ကူဆုံးညွှန်းကိန်းတွင် ကမ္ဘာ့နိုင်ငံ ၁၉၀ နိုင်ငံအနက် အဆင့် ၆၃ ဖြစ်သည်။

ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်မှုသည် တဖြည်းဖြည်းတိုးတက်လာခဲ့ပြီးထိုင်းနိုင်ငံမှ ပလတ်စတစ်၊ ဟင်းသီးဟင်းရွက်ဆီများ၊ ဓာတုပစ္စည်းများ၊ ကျောက်မျက် ရတနာများနှင့် သံနှင့် သံမဏိပစ္စည်းများ စသည်အရေးကြီးပစ္စည်းများ တင်ပို့လျက်ရှိပါသည်။

ထိုင်းနိုင်ငံသို့ ကျောက်မျက်ရတနာများ၊ ငွေနှင့် ရွေတုံးများ၊ စက်ယန္တရားနှင့် အစိတ်အပိုင်းများ၊ သံမဏိသတ္တုရိုင်းများ၊ သတ္တုများနှင့် ဓာတုပစ္စည်း များ တင်သွင်းလျက်ရှိပါသည်။

 

 

ဗန်ကောက်မြို့၊ စီးပွားရေးသံမှူး

Source: www.bangkok.com

Category: International News