International News

စားအုန်းဆီတင်သွင်းမှုအား အခွန်ကင်းလွတ်ခွင့်ပေးခြင်းအပေါ် ပြန်လည်သုံးသပ်ပေးရန် Biz Group မှ ဖိလစ်ပိုင်သမ္မတ Ferdinand R. Marcos Jr. ထံသို့ ဆွေးနွေးတင်ပြ

Last Updated:

တိရစ္ဆာန်အစာကျွေးရာတွင်အသုံးပြုသော စားအုန်းဆီတင်သွင်းမှုအားအခွန်ကင်းလွတ်ခွင့်ပေးသည့်မူဝါဒအပေါ် ပြန်လည်သုံးသပ်ပေးရန် ဖိလစ်ပိုင် စက်မှုဖက်ဒရေးရှင်း(FPI)မှ စိုက်ပျိုးရေးဝန်ကြီး တာဝန်ကိုပါယူထားသည့် သမ္မတ  Ferdinand R. Marcos Jr;  သို့ ပြောကြားခဲ့ပါသည်။

အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းလာသော စားအုန်းဆီများကို တိရစ္ဆာန်အစာကျွေးရာတွင် သာမက အခြားနေရာများတွင်ပါ အသုံးပြုလျက်  ရှိကြောင်း၊ အဆိုပါ အခွန်ကင်းလွတ်ခွင့် မူဝါဒသည် ပြည်တွင်း အုန်းဆီ(စားသုံးဆီ)နှင့် စားအုန်းဆီထုတ်လုပ်သူလုပ်ငန်းရှင်များအား ထိခိုက်နစ်နာ စေသည့်အတွက် အဆိုပါမူဝါဒအား စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် ပြန်လည်သုံးသပ်စေလိုကြောင်း FPI ဥက္ကဋ္ဌ Jesus Arranza မှပြောကြားခဲ့ ပါသည်။

အခွန်ကင်းလွတ်ခွင့်ဖြင့်တင်သွင်းလာသော စားအုန်းဆီများအား အမှန်တကယ်အသုံးပြုခြင်းရှိ၊ မရှိ ကို စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့်လည်း ထိထိရောက်ရောက် စောင့်ကြည့်စစ်ဆေးသင့်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း တင်သွင်းခဲ့သောစားအုန်းဆီပမာဏအား သိရှိလိုပါကြောင်းနှင့် တင်သွင်းမှုအစီရင်ခံစာများလည်း လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

အာဖရိကကြက်/ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုပြီးဆုံးခဲ့ပြီဖြစ်သော်လည်း တိရစ္ဆာန်အစာကျွေးရာတွင် အသုံးပြုသည့် စားအုန်းဆီတင်သွင်းမှုမှာ တိုးမြင့်နေဆဲဖြစ်ကြောင်း၊ အဆိုပါ စားအုန်းဆီတင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ပေးသည့် တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဝန်ကြီးဌာန အနေဖြင့်လည်း တင်သွင်းခဲ့သည့် စားအုန်းဆီများအား အမှန်တကယ်အသုံးပြုခြင်းရှိ၊ မရှိ စောင့်ကြည့်စစ်ဆေးရန်တာဝန်ရှိကြောင်း ထပ်မံ ပြောကြားခဲ့ပါသည်။

FPI မှ အဆိုပါကိစ္စရပ်အား ထုတ်ဖော်ပြောကြားခဲ့ခြင်းကြောင့် အခွန်ကင်းလွတ်ခွင့်ဖြင့် စားအုန်းဆီ တင်သွင်းမှုမှာလျော့ကျသွားခဲ့ပြီး ပြည်တွင်း စားအုန်းဆီဈေးနှုန်းမှာ ကျဆင်းခဲ့သော်လည်း အုန်းဆီ (စားသုံးဆီ)ဈေးနှုန်းထက် ပိုမိုမြင့်မားနေဆဲဖြစ်ပါသည်။

အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ မိမိတို့အနေဖြင့်လည်း သာတူညီမျှအခွင့်အရေးရရှိလိုပါကြောင်း၊ ယခုကဲ့သို့ ဥပဒေမဲ့ဆောင်ရွက်နေသည်ကို နိုင်ငံတော်သမ္မတအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးစေလိုပါကြောင်း FPI ဥက္ကဋ္ဌ Jesus Arranza မှပြောကြားခဲ့ပါသည်။

 

 

Source:  https://www.pna.gov.ph/articles/1199621       

စီးပွားရေးသံမှူး၊မနီလာ

Category: International News