International News

လျှပ်စစ်မော်တော်ကား (Electric Vehicle-EV) ဝယ်ယူမှုများအတွက် အထောက်အပံ့ပေးမည့် အစီ အစဉ်ကို ထိုင်းနိုင်ငံ အစိုးရအဖွဲ့က သဘောတူ

Last Updated:

ထိုင်းနိုင်ငံ၌ လျှပ်စစ်ကား (Electric Vehicle-EV) ဝယ်ယူရာတွင် အထောက်အပံ့ပေးမည့် အစီ အစဉ် ကို ဘတ် ၄၁ ဘီလီယံကျော်ဖြင့် ဆောင်ရွက်ရန် ထိုင်းနိုင်ငံ အစိုးရအဖွဲ့က သဘောတူခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

အစိုးရအဖွဲ့က ခွင့်ပြုခဲ့သည့် ထောက်ပံ့မှုတွင် EV အရောင်းမြှင့်တင်ရေး ပထမအဆင့် (EV3) ကို သက်တမ်းတိုးခြင်းနှင့် ၂၀၂၄-၂၀၂၇ အထိ ဆောင်ရွက်မည့် ဒုတိယအဆင့် (EV3.5) တို့ ပါဝင်ပါကြောင်း၊ EV3.5 အတွက် အစိုးရဘဏ္ဍာငွေ ဘတ် ၃၄.၁ ဘီလီယံ နှင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည့် EV3 သက်တမ်းတိုးခြင်းအတွက် ဘတ် ၇.၁၂ ဘီလီယံ သုံးစွဲသွားမည် ဖြစ် ကြောင်း အစိုးရ၏ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Rudklao Suwankiri က ပြောကြားခဲ့ပါသည်။

စက်မှုဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ အခွန်ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့တို့ ပူးပေါင်း၍ EV3.5နှင့် မော်တော်ယာဉ်ကဏ္ဍအဆင့်မြှင့်တင်ရန် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအစီအမံများနှင့်စပ်လျဉ်း၍ အစည်းအဝေးတစ်ခု ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ အစီအမံများသည် ပြည်တွင်း EV ကဏ္ဍ၌ ထပ်တိုးရင်းနှီးမြှုပ်နှံမှုများနှင့် ရှိနှင့်ပြီးသောလုပ်ငန်းများကို EV အသွင်ကူးပြောင်းရာတွင် အားပေးသွားမည်ဖြစ်ပြီး နိုင်ငံတွင်း မော်တော်ကား ကုမ္ပဏီအသစ်များ လာရောက်အခြေစိုက်ရန် ဆွဲဆောင်သွားမည်ဖြစ်ကြောင်း EV ဘုတ်အဖွဲ့အတွင်းရေးမှူးဖြစ်သူ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Mr. Narit Therdsteerasukdi က ရှင်းလင်းပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံကို ထုတ်လွှတ်မှုလုံးဝမရှိသော မော်တော်ယာဉ်များ (zero-emission vehicles–ZEVs) ရည်မှန်းချက် ပြည့်မီစေရေး အစိုးရဌာနဆိုင်ရာများနှင့် ဘုတ်အဖွဲ့တို့ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် အနည်းဆုံး မော်တော်ယာဉ် ထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းသည် ZEVs ဖြစ်ရန် ဖြစ်ပါကြောင်း၊ အစိုးရ၏ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချလိုသည့် မျှော်မှန်းချက်နှင့် ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ကြားနေရေးအရွေ့ကိုလည်း အထောက်အကူပြုပါကြောင်း ၎င်းကဆိုပါသည်။

အစီအမံအသစ်များအရ လျှပ်စစ်မော်တော်ကားများ၊ ပစ်ကပ်များ (Pickups) နှင့် မော်တော်ဆိုင်ကယ်များကို အထောက်အပံ့ပေးမည် ဖြစ်ပါကြောင်း၊ မော်တော်ကားအမျိုးအစားနှင့် ဘတ္တရီအရွယ် အစားပေါ်မူတည်၍ ဘဏ္ဍာရေးထောက်ပံ့မှု၊ အပြည့်အဝတပ်ဆင်ပြီးသော မော်တော်ကားများအတွက် တင်သွင်းခွန်လျှော့ချပေးမှုနှင့် အခွန်ဖြတ်တောက်ပေးမှုတို့ ဖြစ်ကြောင်း၊ EV3.5 ထောက်ပံ့မှုအစီအစဉ် အောက်မှ ၄ နှစ်တာကာလအတွင်း လျှပ်စစ်မော်တော်ကား ၄၅၄,၀၀၀ စီး၊ လျှပ်စစ်မော်တော်ဆိုင်ကယ် ၃၄၆,၀၀၀ စီးနှင့် လျှပ်စစ်ကုန်တင်ကား ၃၀,၀၀၀ စုစုပေါင်း EV အမျိုးအစား ၈၃၀,၀၀၀ သည် ခံစားခွင့် ရရှိနိုင်မည်ဟု အခွန်ဦးစီးဌာနက ခန့်မှန်းထားပါကြောင်း သိရှိရပါသည်။

အစိုးရအဖွဲ့က EV3 အစီအစဉ်အောက်မှ EV များ၏ မှတ်ပုံတင်ကာလသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည် ဖြစ်သော်လည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ သက်တမ်း တိုးခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။ အောက်ဖော်ပြပါဇယားတွင် EV များအတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ လ ၁ ရက်နေ့မှ စ၍ ထောက်ပံ့ပေးမည့် မူဝါဒကို တင်ပြထားပါသည်-

EV cars priced less than 2 million baht

Subsidy

Tax Benefits

Battery sizes from     10 to 50 kWh

Battery sizes from           50 kWh and up

  • Excise tax reduced from 8% to 2% (2024-27)
  • Import duty rates cut by a maximum of 40% (2024-25)

Year

Amount

Year

Amount

2024

50,000 baht

2024

100,000 baht

2025

35,000 baht

2025

75,000 baht

2026-27

25,000 baht

2026-27

50,000 baht

EV cars priced 2-7 million baht

Subsidy

Tax Benefit

No subsidy

  • Excise tax reduced from 8% to 2% (2024-27)

EV pickups priced less than 2 million baht

Subsidy

Tax Benefit

2024-2027: Battery sizes from 50kWh and up 100,000 baht if produced domestically

  • Excise tax reduced to 0% in 2024-25 and 2% in 2026-27

EV motorcycles priced less than 150,000 baht

Subsidy

Tax Benefit

2024-2027: Battery sizes from 3 kWh and up 10,000 baht if produced domestically

  • Excise tax reduced to 1% in 2024-27

Source: Excise Department          

 

Source: www.bangkokpost. gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: International News