International News

ဖိလစ်ပိုင်နိုင်ငံအား ရင်းနှီးမြှုပ်နှံရန် အချက်အချာကျသည့်နေရာတစ်ခု ဖြစ်စေရေး ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကော်မရှင်မှ ပူးပေါင်းကူညီရန် သမ္မတမားကို့စ်မှ ပြောကြား

Last Updated:

ဖိလစ်ပိုင်နိုင်ငံအား ရင်းနှီးမြှုပ်နှံရန် အချက်အချာကျသည့် နေရာတစ်ခုအဖြစ် ပြောင်းလဲမည့် လုပ်ငန်းစဉ်တွင် ဖိလစ်ပိုင်ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကော်မရှင်(Securities Exchange Commission – SEC) မှ ပူးပေါင်းကူညီသွားရန် သမ္မတမားကို့စ်မှ ပြောကြားခဲ့ပါသည်။ SEC ၏ ၈၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် အစိုးရ၏ ဒီဂျစ်တယ်ပြုပြင်ပြောင်းလဲရေးအစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရာတွင် အဓိကပူးပေါင်းပါဝင်ရမည့် အဖွဲ့အစည်းနှင့် အားကိုးအားထား ပြုရမည့်အဖွဲ့အစည်းမှာ SEC ဖြစ်ပြီး ဒီဂျစ်တယ်စနစ်သို့ ကူးပြောင်းနိုင်ပါက အလွယ်တကူ ပူးပေါင်း ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်းဖော်ပြထားပါသည်။

SEC အနေဖြင့် ပါဝင်သည့်အဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံသူများအကြား ယခုထက်ပို၍ထိရောက် ၊ မှန်ကန်မြန်ဆန်စွာ ချိတ်ဆက်ပေးနိုင်မည်ဆိုပါက လုပ်ငန်းပိုမိုလျှင်မြန်မည်ဖြစ်ကြောင်း eSECURE, eSEARCH, eRAMP, SEC Checkapp တို့အား အသုံးပြုခြင်းဖြင့် အစိုးရလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအား ဒီဂျစ်တယ်စနစ်သို့ ကူးပြောင်းနိုင်မည်ဖြစ်သကဲ့သို့ ပိုမိုထိရောက်မှုရှိသည့်အတွက် SEC သည် အမှန်တကယ်အားကိုးအားထားပြုရမည့် အဖွဲ့အစည်းတစ်ခုဖြစ်လာကြောင်း သမ္မတမားကို့စ်မှ ထပ်လောင်းပြောကြားခဲ့ပါသည်။

ထိုသို့ကူးပြောင်းနိုင်ခြင်းကအစိုးရဝန်ဆောင်မှု လုပ်ငန်းများအတွက် ထိရောက်မှုရှိစေရန်သာမက ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းအား ဖန်တီးနိုင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများနှင့် စားသုံးသူ (Customers) များအတွက်လည်း အကာအကွယ်ပေးနိုင်မည်ဖြစ်သည့် အထူးအလေးထား ဆောင်ရွက်စေလိုပါကြောင်း၊ ပြည်သူများ၏ဘဝ ပိုမိုကောင်းမွန်လာစေရေးနှင့် စီးပွားရေးလုပ်ငန်းများ လွယ်ကူစွာဆောင်ရွက်နိုင်စေရန် မြှင့်တင်ရေးတို့အတွက်အထိရောက်ဆုံး အသုံးချ ဆောင်ရွက်သွားစေလိုကြောင်း သမ္မတမားကို့စ်မှ ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံအား ရင်းနှီးမြှုပ်နှံမှု အချက်အချာကျသည့်နေရာတစ်ခုဖြစ်စေရန် ကူညီပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများတွင် SEC သည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး အစီအစဉ်တကျ၊ တက်တက်ကြွကြွဖြင့် ရင်းနှီးမြှုပ်နှံသူများနှင့် စားသုံးသူ customers များအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းများမှာ လည်းပိုမိုကြီးမားပြီး ညီမျှသောအခွင့်အရေးရရှိသည့် လုပ်ငန်းများအဖြစ် နောင်နှစ်ပေါင်းများစွာတိုင် တည်ရှိစေရန်မျှော်လင့်ပါကြောင်းပြောကြားခဲ့ပါသည်။

 

 

Source;https://www.manilatimes.net/2023/06/22/news/marcos-calls-on-sec-to-help-transformph-into-investment-destination/ 1897286?utm_source=izooto&utm_ medium=push _notifications&utm_ campaign= Marcos% 20calls%20on%20SEC%20to% 20help%20transform%20PH%20into%20investment% 20destination% 20|%20The%20Manila%20Times

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News