International News

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းကျင်းပမည့် FRUIT LOGISTICA 2024 သို့ စိတ်ပါဝင်စားသူများပါဝင်ပြသနိုင်

Last Updated:

FRUIT LOGISTICA 2024 ကို Messe Berlin မှ ကြီးမှူး၍ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်မှ ၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပါသည်။ကမ္ဘာ့အရေးကြီးဆုံး လတ်ဆတ်သစ်သီးဝလံကုန်စည်ပြပွဲကြီးဖြစ်ပြီး "The heartbeat of the fresh produce business" ဟူသောဆောင်ပုဒ်ဖြင့် ကျင်းပမည်ဖြစ်ပါသည်။ 

အဆိုပါပြပွဲတွင် မျိုးစေ့၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအတွက် တိုးတက်ဖြစ်ထွန်းစေမည့် နည်းလမ်းများ၊ အလိုအလျောက်ထုပ်ပိုးနိုင်မည့် ဝန်ဆောင်မှုများနှင့် နည်းပညာပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များအား ပြသထားမည်ဖြစ်ရာ ယင်းပြပွဲသို့ ပါဝင်ပြသခြင်း၊ လာရောက်လေ့လာ ခြင်းဖြင့် Value Chain တစ်လျှောက် ကုန်စည်ထုတ်လုပ်သူများ ရင်ဆိုင်ကြုံတွေ့နေကြရသည့် အခက်အခဲများအတွက် ဖြေရှင်းနိုင်မည့်နည်းလမ်းများကို လေ့လာသိရှိနိုင်မည်ဖြစ်ပါသည်။

နိုင်ငံပေါင်း(၉၀)ကျော်မှ ပြပွဲသို့လာရောက်ပြသကြမည့်သူများနှင့် နိုင်ငံပေါင်း(၁၄၀)မှလာ‌ရောက် လေ့လာသူ trade visitor များသည် ဘာလင်မြို့တွင် တစ်နေရာတည်း၌ ဆုံတွေ့ကြရမည်ဖြစ်ရာ နောက်ဆုံးပေါ်နည်းပညာများနှင့် ဆန်းသစ်တီထွင်မှုများအတွက် Business Network များ ရရှိနိုင်ပြီး ထုတ်လုပ်သူများအတွက် ကမ္ဘာ့ဈေးကွက်သို့ တိုက်ရိုက်ဝင်ရောက်နိုင်ရေးကို များစွာ အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ပါသည်။

ပြပွဲသို့လာရောက်ပြသမည့်သူများအနေဖြင့် Exhibitor Portal တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထား၍ Stand Registration များ ပြုလုပ်နိုင်ပါကြောင်းနှင့် လာရောက်လေ့လာလိုသူ Trade Visitor များအနေဖြင့်လည်း Admission Ticket များကို FRUIT LOGISTICA Team(သို့မဟုတ်) သက်ဆိုင်ရာနိုင်ငံများရှိ contact person များမှတစ်ဆင့် ဝယ်ယူနိုင်ပါကြောင်း သိရှိရပါသည်။

Source:         https://asp.fruitlogistica.com/en/home/

                   https://www.fruitlogistica.com/en/exhibitors/

(စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: International News