International News

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် နယ်စပ်များ၊ ဆိပ်ကမ်းများမှတစ်ဆင့် ဝင်ရောက်လာသော ပြင်ပမျိုးကွဲ မျိုးစိတ်များ ကာကွယ်တားဆီးရေးစီမံချက်စတင်

Last Updated:

တရုတ်နိုင်ငံသည် နိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်ပတ်ဝန်းကျင်ကို ကာကွယ်ရန် ကြိုးပမ်းမှု တစ်စိတ် တစ်ဒေသအနေဖြင့် နိုင်ငံ၏နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်လာသော ပြင်ပမျိုးကွဲမျိုးစိတ်များ တားဆီးရေးအတွက် တစ်နှစ်တာစီမံချက်ကို စတင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

မကြာသေးမီနှစ်များက အရှိန်အဟုန်ဖြင့် တိုးတက်လာသည့် နိုင်ငံတကာကုန်သွယ်မှုနှင့် နယ်စပ်ဒေသတလျှောက် ဝန်ထမ်းမကြာခဏ လဲလှယ်မှုများကြောင့် နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြင်ပမျိုးကွဲမျိုးစိတ်များ၏ အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း အကောက်ခွန် အထွေထွေစီမံအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ ပြောကြားချက်အရ သိရှိရပါသည်။

ယခုနှစ် ပထမရှစ်လအတွင်း နိုင်ငံတွင်းသို့ တင်သွင်းခြင်းမပြုရန် တားမြစ်ထားသည့် သက်ရှိတိရစ္ဆာန်နှင့် အပင်မျိုးစိတ် စုစုပေါင်း ၁၈၂၆ ခုကို ဖမ်းဆီးခဲ့ပြီး တရားမဝင် တင်သွင်းလာသည့် ပြင်ပမျိုးကွဲမျိုးစိတ်များကို ဖယ်ရှားခဲ့ကြောင်း အကောက်ခွန် အထွေထွေစီမံအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ ပြောကြားချက်အရ သိရှိရပါသည်။

သို့ဖြစ်ပါ၍ တရုတ်နိုင်ငံတွင် ကုန်စည်ပို့ဆောင်မှု၊ ပို့ကုန်ဖြန့်ဖြူးမှု၊ နယ်စပ်ဖြတ်ကျော် e-commerce နှင့် နယ်စပ်ကုန်သွယ်ရေးတို့တွင် အဆိုပါတားမြစ်ထားသည့် ပြင်ပမျိုးကွဲမျိုးစိတ်များနှင့် သက်ဆိုင်သော စစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

 

Source: China launches action plan to prevent invasive alien species through border ports (www.gov.cn)

(ဒေါ်သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ)

Category: International News