International News

ဖိလစ်ပိုင်၏ ဆန်ဝယ်လိုအား မြင့်တက်လာသဖြင့် ထိုင်းနိုင်ငံ အစိုးရက ဆန်တင်ပို့မှု တိုးမြှင့်သွားရန်ရှိ

Last Updated:

ယခုနှစ်အစပိုင်းတွင် ခန့်မှန်းထားခဲ့သည့်အတိုင်း ဖိလစ်ပိုင်နိုင်ငံ၏ ဆန်ဝယ်လိုအား မြင့်တက်လာသဖြင့် ထိုင်းအစိုးရအနေဖြင့် ဆန်ပိုမိုတင်ပို့လိုကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phuntham Wechayachai ကပြောကြားလိုက်ပါသည်။

ဖိလစ်ပိုင်သည် ထိုင်းဆန်၏ အဓိကဈေးကွက်ဖြစ်သဖြင့် ဖိလစ်ပိုင်နိုင်ငံတွင်စေလွှတ်ထားသော စီးပွားရေးသံမှူးနှင့်ပူးပေါင်း၍ အရည်အသွေးပိုမိုကောင်းမွန်ပြီး ဈေးနှုန်းယှဉ်ပြိုင်နိုင်သော ထိုင်းဆန်ပိုမိုရောင်းချနိုင်ရေး ဆောင်ရွက်သွားရန် ပြည်ပကုန်သွယ်ရေးဦးစီးဌာနကို ဝန်ကြီးကလမ်းညွှန်ထားပါသည်။

ယင်းသို့ဆောင်ရွက်ခြင်းသည် ထိုင်းလုပ်ငန်းရှင်များအတွက် ဈေးကွက်အသစ်ရှာဖွေပေးလို သည့် ဝန်ကြီး၏ တွန်းအားတစ်ခုဖြစ်ပါကြောင်း၊ Foreign Agricultural Service of the US Depart-ment of Agriculture (USDA) က ထုတ်ပြန်ထားချက်အရ ဖိလစ်ပိုင်သည် ယခင်နှစ်က ဆန် တန်ချိန် ၃.၆ သန်း တင်သွင်းခဲ့သော်လည်း ယခုနှစ်အတွင်း ဆန် တန်ချိန် ၄.၁ သန်း တင်သွင်းနိုင်ကြောင်း၊ ဖိလစ်ပိုင်သည် ယခုနှစ်အတွင်း ဆန် တန်ချိန် ၁၂.၃ သန်း ဆန်ထုတ်လုပ် နိုင်သည်ဟု အေဂျင်စီက ခန့်မှန်းထားပါကြောင်း၊ အိန္ဒိယမှ ဆန်ပိုမိုထွက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားချက်အရ ကမ္ဘာ့ဆန်အထွက်နှုန်းသည် တန်ချိန် ၅၁၅.၄ သန်း သို့ ရောက်ရှိနိုင်ကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ဖိလစ်ပိုင်ဆန်တင်သွင်းမှု၏ ၈၂ ရာခိုင်နှုန်းသည် ဗီယက်နမ်နိုင်ငံမှ ဖြစ်ပြီး ကျန် ပမာဏကို ထိုင်း၊ မြန်မာ၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့မှ တင်သွင်းကြောင်းသိရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်းဆန်ထုတ်လုပ်မှု ကျဆင်းမှုကြောင့် ပြည်ပနိုင်ငံများမှ ဆန် ပိုမိုတင်သွင်းနိုင်သည့် အခြေအနေကို ထိုင်းနိုင်ငံအနေဖြင့် အကျိုးရှိစွာအသုံးချနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါသည်။

 

Source: www.bangkok.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News