International News

တောင်ကိုရီးယားနိုင်ငံတွင်း စက်သုံးဆီအပေါ် ကောက်ခံသည့်အခွန် (Fuel Taxes) လျှော့ချခြင်းကို အောက်တိုဘာလအထိ သက်တမ်းတိုးသွားမည်

Last Updated:

တောင်ကိုရီးယားနိုင်ငံတွင်း ငွေကြေးဖောင်းပွမှုကို ဖြေရှင်းရန်နှင့် ပြည်သူလူထု၏ဘဏ္ဍာ ရေးဆိုင်ရာဝန်ထုပ်ဝန်ပိုးများ လျော့ကျစေရန်ရည်ရွယ်၍ စက်သုံးဆီသုံးစွဲမှုအပေါ်ကောက်ခံသည့်အခွန် (Fuel Tax) လျှော့ချပေးခြင်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအထိ ဆက်လက်လျှော့ချပေးသွားမည်ဟုစီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး Mr. Choo Kyung-ho က ၁၆-၈-၂၀၂၃ ရက်နေ့တွင် သတင်းထောက်များနှင့်တွေ့ဆုံပွဲ၌ ပြောကြားခဲ့ပါသည်။

လက်ရှိတွင် ဓါတ်ဆီတစ်လီတာသုံးစွဲမှုအပေါ် ကောက်ခံသည့် Fuel Taxes ကို ၂၅ ရာခိုင် နှုန်း လျှော့ချပေးလျက်ရှိပြီး  ဒီဇယ်နှင့် ဓါတ်ငွေ့ရည် (LPG) တစ်လီတာအပေါ် ကောက်ခံသည့် Fuel Taxes ကို ၃၇ ရာခိုင်နှုန်းအထိ လျှော့ချကောက်ခံလျက်ရှိပါသည်။ ယင်းသို့ လျှော့ချကောက်ခံ မှုအစီအစဉ်သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်တော့မည်ဖြစ်သော်လည်း ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ မြင့်မားလာခြင်းကြောင့် ပြည်သူများအပေါ်ကျရောက်လာမည့် ဝန်ထုပ်ဝန်ပိုးများ လျှော့ချပေးရန်ရည်ရွယ်၍ Fuel Taxes လျှော့ချပေးမှုအစီအစဉ်ကို ဆက်လက် သက်တမ်းတိုးရခြင်းဖြစ်ပါကြောင်းနှင့် အောက်တိုဘာလအလွန်တွင် ဖြစ်ပေါ်လာမည့် အခြအနေ ကို ဆက်လက်လေ့လာသုံးသပ်၍ လိုအပ်ပါက စီမံဆောင်ရွက်မှုများ ထပ်မံစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဝန်ကြီး Mr. Choo Kyung-ho က ပြောကြားခဲ့ပါသည်။

 

 

 

Source: https://www.koreatimes.co.kr/www/biz/2023/08/488_357141.html

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News