International News

ထိုင်းစက်မှုလက်မှု အသင်းချုပ် (The Federation of Thai Industries –FTI) က ၂၀၂၃ ခုနှစ်အတွင်း မော်တော်ကား ထုတ်လုပ်မှု အစီးရေ ၂ သန်းထိ ရောက်ရှိမည်ဟု ခန့်မှန်းထား

Last Updated:

၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ လျှပ်စစ်ဓာတ်အားခမြင့်တက်မှုနှင့်ပြည်ပနိုင်ငံများတွင် ဘဏ်လုပ်ငန်းဆိုင်ရာပြဿနာများ ကြုံတွေ့နေသော်လည်း မော်တော်ကားထုတ်လုပ်မှုကို အစီးရေ ၂ သန်းထိ တိုးမြှင့်ထုတ်လုပ်နိုင်မည်ဟု ထိုင်းစက်မှုလက်မှုအသင်းချုပ် (The Federation of Thai Industries –FTI) က ခန့်မှန်းထားပါသည်။

ယင်းသို့ ခန့်မှန်းရခြင်းမှာ ပြည်ပသို့ မော်တော်ကားတင်ပို့နိုင်မှုမှာ ကြီးထွားလာသဖြင့် ထိုင်းနိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှုအတွက် လက္ခဏာကောင်းများဖြစ်ကြောင်း၊ ပြည်တွင်းဝယ်ယူမှုနှင့် ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာသောကြောင့်ဖြစ်ပါကြောင်း၊ ကားထုတ်လုပ်ရာတွင် အသုံးပြုရသည့် semiconductor များလည်း ရောက်ရှိလာသောကြောင့် ဖြစ်ပါကြောင်း FTI ၏ ဒုတိယဥက္ကဋ္ဌက ဆိုပါသည်။

၂၀၂၃ ခုနှစ် ပထမပတ်တွင် ပြည်ပသို့ တင်ပို့မည့် မော်တော်ကားအစီးရေ ၂၈၈,၁၃၀ စီး ထုတ်လုပ်နိုင်ခဲ့ပြီး မတ်လတွင် အစီးရေ ၁၀၀,၉၈၆ စီး တိုးလာပါကြောင်း ၎င်းကဆိုပါသည်။

မော်တော်ကား တင်ပို့ရန်အတွက် အလားအလာကောင်းများ ရှိနေသော်လည်း ဩစတြေးလျသို့ တင်ပို့ရာတွင် ပြဿနာကြုံတွေ့နေရပါကြောင်း၊ ယင်းပြဿနာမှာ ဩစတြေးလျအာဏာပိုင်များက ထိုင်းနိုင်ငံမှ တင်ပို့ခဲ့သည့် မော်တော်ကားများကြားတွင် ပန်းရိုင်းမျိုးစိတ်များ ရှာဖွေတွေ့ရှိခဲ့ပါကြောင်း၊ ထို့ကြောင့် မော်တော်ကားထုတ်လုပ်သူများက ဆိပ်ကမ်း၌ကားများကို ဆေးကြောသန့်စင်သည့် ကုန်ကျစရိတ်များကို ကျခံရပါကြောင်း၊ ယင်းကုန်ကျ စရိတ်များနှင့် လျှပ်စစ်ဓာတ်အားခတို့ကို စုပေါင်း၍ မော်တော်ကားရောင်းဈေးကို မြှင့်တင်ရန် ကားထုတ်လုပ်သူများက စဉ်းစားနေပါကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: www.bangkok.com

Category: International News