International News

ဂျာမနီနိုင်ငံတွင် ၂၀၂၂ ခုနှစ်၌ ပျမ်းမျှလုပ်အားခ တစ်နာရီလျှင် ယူရို ၃၉.၅၀ သာ ရှိခဲ့

Last Updated:

အီးယူနိုင်ငံများအတွင်း လုပ်အားခအဆင့် သတ်မှတ်ချက်တွင် ဂျာမနီနိုင်ငံသည် သတ္တမနေရာ၌သာ ရှိခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ဂျာမနီနိုင်ငံရှိ စက်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုကဏ္ဍများကို ပိုင်ဆိုင်လုပ်ကိုင်ကြသော လုပ်ငန်းရှင်များသည် ၎င်းတို့၏ အလုပ်သမားများအပေါ် တစ်နာရီလျှင် ပျမ်းမျှလုပ်အားခအဖြစ် ယူရို ၃၉.၅၀ ကိုသာ သတ်မှတ်ပေးချေခဲ့ကြပါသည်။

ထို့ကြောင့်လည်း ဥရောပသမဂ္ဂအဖွဲ့ဝင်(၂၇) နိုင်ငံအနက်ဂျာမနီ၏ လုပ်ခလစာစရိတ်အဆင့်မှာ ၂၀၁၉ ခုနှစ်ကတည်းကပင်နံပါတ် (၇)နေရာတွင်သာ ရပ်တည်ခဲ့ကြောင်း Federal Statistical Office  (Destatis) မှ အစီရင်ခံတင်ပြထားပါသည်။

ဥရောပသမဂ္ဂအတွင်း နိုင်ငံအလိုက် တစ်နာရီ ပျမ်းမျှလုပ်အားခ အမြင့်ဆုံးနှင့် အနိမ့်ဆုံးကို  နှိုင်းယှဉ်ဖော်ပြရလျှင် လူဇင်ဘတ်သည် အမြင့်ဆုံးဖြစ်ပြီး တစ်နာရီလျှင် ပျမ်းမျှလုပ်အားခ  ၅၀.၇၀ ယူရို ရရှိကာ  ဘူလ်ဂေးရီးယားမှာ အနိမ့်ဆုံးဖြစ်ပြီး တစ်နာရီလျှင် ပျမ်းမျှလုပ်အားခ ၈.၂၀ ယူရိုသာ ရရှိကြောင်း Destatis ၏ ၂၆- ၄- ၂၀၂၃ ရက်နေ့ သတင်းထုတ်ပြန်မှုအရ သိရှိရပါသည်။

 

 

 

Source:   https://www.destatis.de/EN/Press/2023/04/PE23_164_624.html

(စီးပွားရေးသံမှူး၊ ဘာလင်)

Category: International News