International News

ဂျာမန်လူမျိုးများ၏ စီးပွားရေးလုပ်ကိုင်လိုစိတ်များ ဇူလိုင်လအတွင်း ပိုမိုကျဆင်းလာ

Last Updated:

ဂျာမန်လူမျိုးများ၏ စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသည့် စိတ်ခံစားမှုသဘောထားသည် ဇူလိုင်လအထိ (၃) လဆက်တိုက် လျော့ပါးကျဆင်းလာခဲ့ရာ ယင်းသည် ဥရောပ၏ အကြီးဆုံးစီးပွားရေး နယ်ပယ် ဖြစ်သော ဂျာမနီကို အားရစရာမရှိသည့်အခြေအနေသို့ ရောက်ရှိသွားစေခဲ့သည်။

ကုမ္ပဏီစုစုပေါင်း(၉၀၀၀)ကို စစ်တမ်းပြုလုပ်ထားပြီး အနီးကပ်စောင့်ကြည့်နေသည့် Ifo Institute ၏ လျှို့ဝှက်ဘာရိုမီတာတွင်ဇွန်လ၌ (၈၈.၆)မှတ်ရှိနေရာမှ ဇူလိုင်လတွင် (၈၇.၃)မှတ်သို့ ကျဆင်း သွားကြောင်းဖော်ပြနေခဲ့သည်။

 Financial Data Company ဖြစ်သော FactSetနှင့်အတူ စစ်တမ်းကောက်ယူနေသည့် စီးပွားရေး လေ့လာသုံးသပ်သူများကမူ ဇူလိုင်လတွင် (၈၈.၀) မှတ်ရရှိရန် မျှော်မှန်းထားပါသည်။

ရမှတ်များအားနည်းနေခြင်းသည် ယခုနှစ်အကုန်/ နောက်နှစ်အစကာလများတွင် စီးပွားရေး ကျဆင်းမှုဘက်သို့ မသိမသာရောက်ရှိသွားနိုင်သည်ဟု ရှုမြင်သုံးသပ်ထားရာ ဂျာမန်စီးပွားရေး အပေါ် စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။

ကုမ္ပဏီများအနေဖြင့် လက်ရှိစီးပွားရေးလုပ်ငန်းများအပေါ် စိတ်ကျေနပ်မှုမရှိဖြစ်လာခြင်းသည် ၎င်းတို့၏ မူလရပ်တည်ချက်အပေါ် အဓိကကျသော တွန်းအားတစ်ခုဖြစ်ခဲ့ပြီး ဂျာမန်ကုမ္ပဏီများ အကြားသဘောထားအမြင်များလည်း ပိုမိုဆိုးရွားလာခဲ့ကြောင်း Ifo Institute ၏ President ဖြစ်သူ Clemens Fuest က ဟုပြောကြားခဲ့သည်ဟု AFP သတင်းတစ်ခုတွင် ဖော်ပြထားပါသည်။

 

 

 

( စီးပွားရေးသံမှူး၊ ဘာလင်မြို့)

 

 

Category: International News