International News

၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ထိုင်းပို့ကုန်သည် ပထမဆုံးအကြိမ်အဖြစ် ၂.၆ ရာခိုင်နှုန်း ပြန်လည် ကောင်းမွန်လာပါကြောင်း ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ထုတ်ဖော်ပြောကြား

Last Updated:

ယခုနှစ်အတွင်း ထိုင်းပို့ကုန်သည် ၁၀ လဆက်တိုက်ကျဆင်းနေရာမှ ဩဂုတ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် ၂.၆ ရာခိုင်နှုန်း ပြန်ကောင်းလာပါကြောင်း၊ ပို့ကုန်ပမာဏသည် ဘတ် ၈.၂၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၄,၂၇၉.၆ သန်း) ဖြစ်ပြီး  ကောင်းမွန်သော လက္ခဏာရပ်ဖြစ်ပါကြောင်း၊ သွင်း ကုန်သည်လည်း ကာလတူ ပမာဏနှင့်နှိုင်းယှဉ်ပါက ဘတ် ၈.၂၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၃,၉၁၉.၇ သန်း) ဖြစ်သဖြင့် ၁၂.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါကြောင်း၊ ကုန်သွယ်မှုပိုငွေ ဘတ် ၂.၄၆ ဘီလီ ယံ (အမေရိကန်ဒေါ်လာ ၃၅၉.၉ သန်း) ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ထုတ်ပြန်ပြောကြားခဲ့ပါသည်။

ယခုနှစ် ပထမ ၈ လအတွင်း ပို့ကုန်တန်ဖိုးသည် ဘတ် ၆.၃ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁၈၇.၆ ဘီလီယံ) ဖြစ်ပါကြောင်း၊ သွင်းကုန်တန်ဖိုးသည် ဘတ် ၆.၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၉၅.၅ ဘီလီယံ) ဖြစ်ပါကြောင်း၊ ကုန်သွယ်မှုလိုငွေ ဘတ် ၃၅၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇.၉ ဘီလီယံ) ဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။

ဩဂုတ်လအတွင်း ထိုင်းပို့ကုန်သည် ဒေသတွင်း နိုင်ငံများထက် ကောင်းမွန်နေပါကြောင်း၊ အိန္ဒိယ (- ၆.၉ ရာခိုင်နှုန်း)၊  ထိုင်ဝမ် (- ၇.၃ ရာခိုင်နှုန်း)၊ တောင်ကိုရီးယား (- ၈.၃ ရာခိုင်နှုန်း)၊  တရုတ် (- ၈.၈ ရာခိုင်နှုန်း)၊ စင်ကာပူ(- ၁၂.၆ ရာခိုင်နှုန်း)၊  မလေးရှား(- ၂၁.၂ ရာခိုင်နှုန်း)နှင့် အင်ဒိုနီးရှား (- ၂၁.၂ ရာခိုင်နှုန်း) စသည်ဖြင့် ပို့ကုန်အသီးသီးကျဆင်းခဲ့ပါကြောင်း အမြဲတမ်းအတွင်းဝန်က ဆက်လက်ပြောကြားပါသည်။

ထိုင်းပို့ကုန်ပြန်လည်ကောင်းမွန်လာခြင်းတွင် ၄ လအတွင်း စက်မှုထုတ်ကုန်များ၏ ပို့ကုန် တန်ဖိုး ကျဆင်းခဲ့သော်လည်း ပထမဆုံးအကြိမ်အဖြစ် လယ်ယာထွက်ကုန်များ၏ ပို့ကုန်သည် ၄.၂ ရာခိုင်နှုန်း တိုးမြင့်လာသောကြောင့် ဖြစ်ပါကြောင်း၊ လယ်ယာထွက်ကုန်များတွင် အေးခဲနှင့်အသီး ခြောက်များဖြစ်ကြောင်း၊ မင်းဂွတ်သီး (၉၉.၈ ရာခိုင်နှုန်း)၊ ဆန် (၁၀ ရာခိုင်နှုန်း)၊ စည်သွပ်နှင့် ပြုပြင်ပြီး အသီးအရွက်များ (၂၆.၅ ရာခိုင်နှုန်း)၊ နို့နှင့် နို့ထွက်ပစ္စည်းများ (၁၃.၂ ရာခိုင်နှုန်း) အသီးသီး မြင့်တက် လာခဲ့ပါကြောင်း ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

ပထမဆုံးအကြိမ်အဖြစ် ဩဂုတ်လအတွင်း စက်မှုထုတ်ကုန်များ၏ ပို့ကုန်သည် ၂.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါသည်။ မော်တော်ယာဉ်များ၊ အလှဆင်ပစ္စည်းများ၊ အပိုပစ္စည်းများ (၂.၅ ရာခိုင်နှုန်း)၊ လျှပ်စစ်ဆားကစ်စ်များ (၃၉.၈ ရာခိုင်နှုန်း)၊ စက်ယန္တရားနှင့် အစိတ်အပိုင်းများ (၆.၄ ရာခိုင်နှုန်း)၊ ဖုန်း နှင့် ဆက်စပ်ပစ္စည်းများ (၃၆.၉ ရာခိုင်နှုန်း)၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် ထရန်စစ္စတာများ (၇၄.၅ ရာခိုင် နှုန်း)၊ ထရန်စဖော်မာနှင့် ဆက်စပ်ပစ္စည်းများ (၅၉.၁ ရာခိုင်နှုန်း) အသီးသီးမြင့်တက်လာခဲ့ပါသည်။

အဓိကဈေးကွက်များသို့ တင်ပို့ခဲ့သည့် ပို့ကုန်ပမာဏသည်လည်း ၂.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ ပါကြောင်း၊ အမေရိကန်နိုင်ငံ (၂၁.၇ ရာခိုင်နှုန်း)၊ ဂျပန်နိုင်ငံ (၁၅.၇ ရာခိုင်နှုန်း)၊ တရုတ်နိုင်ငံ (၁.၉ ရာခိုင် နှုန်း) အသီးသီးမြင့်တက်ခဲ့ပြီး အာဆီယံ (- ၁.၅ ရာခိုင်နှုန်း)၊ အီးယူ (- ၁၁.၆ ရာခိုင်နှုန်း) နှင့် စီအယ်လ် အမ်ဗွီ (CLMV) (- ၂၁.၃ ရာခိုင်နှုန်း) ဖြင့် အသီးသီးကျဆင်းခဲ့ပါသည်။

 စက်တင်ဘာလနှင့် နောက်ဆုံး ၃ လပတ်တွင် ပို့ကုန်ပြန်လည်ကောင်းမွန်လာမည်ဟု မျှော်လင့်ပါကြောင်း Mr. Kirati Ratchano က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

 

 

 

Source:https://www.thaipbsworld.com/thailands-exports-for-august-rebound-for-the-first-time-in-11-months/

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: International News