International News

ဂျာမနီသည်ဟိုက်ဒရိုဂျင်ရရှိရေးအတွက် ထွန်းသစ်စစီးပွားရေးဈေးကွက်များအပေါ်မှီခိုနေရ

Last Updated:

ဂျာမနီတွင် ရုပ်ကြွင်းလောင်စာများကိုဖယ်ရှားရန်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို ပိုမိုချဲ့ထွင် သုံးစွဲရန်နှင့် ယင်းတို့၏အကျိုးသက်ရောက်မှုကို မြှင့်တင်ရန်ဟူသော ရည်ရွယ်ချက် များဖြင့် ကာဗွန်သုံးစွဲမှုကို၂၀၄၅ ခုနှစ်မတိုင်မီ ဖယ်ရှားနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ အစိုးရအနေဖြင့် ဟိုက်ဒရိုဂျင်သည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေကြောင်း ကြိုတင်သိမြင် ထားပါသည်။

အငွေ့ပျံလွယ်သော ဓာတ်ငွေ့တစ်မျိုးကိုရရှိရန် ရေကို ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်တို့အဖြစ် ခွဲထုတ်ရာ၌ စွမ်းအင်များစွာလိုအပ်ရာ ယင်းအတွက် သုံးစွဲသောစွမ်းအင်သည် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကိုအခြေခံထားပါကဟိုက်ဒရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သူများသည် ၎င်းအား သန့်ရှင်းသော စွမ်းအင်ဖြစ်သည့် အစိမ်းရောင်ဟိုက်ဒရိုဂျင်အဖြစ် တံဆိပ်ခတ်နိုင်ပါသည်။ သို့သော် လက်ရှိတွင် ဟိုက်ဒရိုဂျင် အများစုကို သဘာဝဓာတ်ငွေ့ဖြင့်သာ ထုတ်လုပ်နေပါသည်။

ကာဗွန်ကို ရှင်းလင်းဖယ်ထုတ်ရန် ခက်ခဲသောနေရာများတွင် ဟိုက်ဒရိုဂျင်သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နိုင်ပါသည်။ သံမဏိ၊ ဓာတုပစ္စည်းများနှင့် ဘိလပ်မြေ ထုတ်လုပ်မှုတို့အပြင် လေကြောင်းနှင့် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးကဲ့သို့သော စွမ်းအင်သုံးကဏ္ဍများ၌ ဟိုက်ဒရိုဂျင်ကို အသုံးပြုခြင်းဖြင့် ရာသီဥတုဆိုင်ရာထိခိုက်မှုကို လျှော့ချနိုင်မည် ဖြစ်ပါသည်။

ဝန်ကြီးချုပ် Angela Merkel ၏ ယခင်အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်ကရေးဆွဲခဲ့သော ဂျာမနီနိုင်ငံ၏ အမျိုးသားအဆင့် ဟိုက်ဒရိုဂျင်မဟာဗျူဟာတွင် လက်ရှိဖက်ဒရယ်အစိုးရက သယ်ယူပို့ဆောင်ရေးနှင့် နေအိမ်အပူပေးခြင်းတို့တွင်ပါ ဟိုက်ဒရိုဂျင်ကို အသုံးပြုရန်ဟူသည့် အချက်အား ထပ်မံဖြည့်စွက်၍ မဟာဗျူဟာကို Update ပြုလုပ်ထားပါသည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် ဟိုက်ဒရိုဂျင်ဝယ်လိုအား ပိုမိုမြင့်မားလာစေရန် မျှော်လင့်ထားကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ဟိုက်ဒရိုဂျင်သုံးစွဲမှုသည် နာရီပေါင်း (၁၃၀) terawatt အထိရှိလာ နိုင်မည်ဖြစ်ကြောင်းနှင့် ယင်းမှာ ဂျာမနီနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား သုံးစွဲခဲ့မှု အားလုံး၏ ငါးပုံတစ်ပုံထက်ပင် ပိုမိုများပြားနေလိမ့်မည်ဖြစ်ကြောင်း Energy Market Research Group (AGEB) မှ ပြောကြားခဲ့ပါသည်။ ထို့ပြင် သင်္ဘောတစ်စီးတည်းပင်လျှင် နာရီပေါင်း ၁၂၀ terawatt အထိ ဟိုက်ဒရိုဂျင်ကို သုံးစွဲနိုင်ခဲ့ကြောင်း German Maritime Center၏ လေ့လာမှု တစ်ခုအရ သိရှိရပါသည်။

ဂျာမနီနိုင်ငံအနေဖြင့် ဟိုက်ဒရိုဂျင်သုံးစွဲမှု၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း အထိကို ပြည်ပမှ တင်သွင်းရမည်ဖြစ်ကြောင်းနှင့် fossil fuel နှင့် မတူညီသည့်အချက်မှာ ဟိုက်ဒရိုဂျင်ကို ဖြန့်ဖြူးပေးမည့် အလားအလာရှိသော နိုင်ငံများ ကျယ်ပြန့်စွာရှိကြောင်း Ministry for Economic Cooperation and Development (BMZ) ၏ ဒုတိယဝန်ကြီး Mr. Jochen Flasbarth က ပြောကြားခဲ့ပါသည်။ ယင်းအခြေအနေတွင် နေရောင်ခြည်စွမ်းအင်နှင့် လေစွမ်းအင်ကို ထုတ်ပေးနိုင်သည့်အလားအလာရှိသော ကမ္ဘာကြီး၏ Sun Belt ဧရိယာရှိ နိုင်ငံများအနေဖြင့် ရလဒ်ကောင်းများ မလွှဲအသွေ ရရှိလာမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့ပါသည်။

ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသဘောတူညီချက်များတွင် အများအားဖြင့် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေတတ်သဖြင့် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ယခုချိန်အထိ fossil fuel အပေါ် မှီခိုအားထားနေသောနိုင်ငံများ(သို့မဟုတ်) စွမ်းအင် အတွက် လွန်ကဲစွာ စိတ်အားထက်သန်နေသည့်နိုင်ငံများကို ချန်လှပ်၍ BMZ အနေဖြင့် အစီအစဉ်တစ်ခု ရေးဆွဲထားပြီးဖြစ်ကြောင်း Mr. Flasbarth က ဆက်လက် ပြောကြားထား ပါသည်။

အကယ်၍ ဟိုက်ဒရိုဂျင်ကို ဂျာမနီပြင်ပ (သို့မဟုတ်) ဥရောပ၏ ပြင်ပရှိနိုင်ငံများမှ ဝယ်ယူရမည် ဆိုပါက သယ်ယူပို့ဆောင်ရန်လိုအပ်သည်ဖြစ်ရာ ၎င်းသည် မီးလောင်လွယ်သည့် ဓာတ်ငွေ့ဖြစ်သောကြောင့် ပုံစံအနေအထား တည်ငြိမ်စွာဖြင့်သယ်ယူရန် လိုအပ်မည်ဖြစ်ပြီး လိုအပ်သည့်နေရာရောက်မှသာ ပြန်ပြောင်း နေရာချထား သုံးစွဲရမည်ဖြစ်ပါသည်။  ဤရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် ဂျာမနီသည် အပူကိုထိန်းချုပ်နိုင်သည့် methane ဓာတ်ငွေ့လုပ်ငန်းစဉ်များဖြင့် လတ်တလောတွင်  သဘာဝဓာတ်ငွေ့အရည် (LNG) များအား ကိုင်တွယ် လုပ်ဆောင်နေသော ဆိပ်ကမ်းများကို  ကြိုမြင်ထားပြီးဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်တွင် ဟိုက်ဒရိုဂျင် တင်သွင်းမှုဆိုင်ရာကိစ္စရပ်များနှင့် သိုလှောင်မှုစင်တာများအားလုံး ပြီးစီးပြီး သက်ဆိုင်ရာ customers များနှင့်လည်း ချိတ်ဆက်နိုင်လိမ့်မည်ဟု BMZ က မျှော်မှန်းထားပါသည်။

အဆိုပါစီမံချက်အား နိုင်ငံရေးအရ သိသာထင်ရှားစေရေးအတွက် မူဝါဒချမှတ်သူများအနေဖြင့်  ယင်းစီမံချက်သည် ဂျာမန်အလုပ်သမားများအတွက် အကျိုးပြုသည့် စီမံချက်ဖြစ်ကြောင်း ပြသရမည်ဖြစ်သည်။ Climate Neutral ဖြစ်ရန် ရည်ရွယ်တည်ဆောက်မည့် ကမ္ဘာလုံးဆိုင်ရာ ဟိုက်ဒရိုဂျင်ကွန်ရက်အတွက် လိုအပ်သောအစိတ်အပိုင်းများနှင့် နည်းပညာများကို ဂျာမန်ကုမ္ပဏီကြီးများမှ တင်သွင်းလာနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် Bosch ကုမ္ပဏီသည် ၂၀၃၀ ပြည့်နှစ်တွင် အကြီးစားလုပ်ငန်းသုံးကားများ၏ ၂၀ ရာခိုင်နှုန်း၌ ဟိုက်ဒရိုဂျင် လောင်စာအသုံးပြုရန် လိုအပ်လာလိမ့်မည်ဟုမျှော်လင့်ထားရာ ယင်းကဲ့သို့သော ဂျာမန်စက်မှုလုပ်ငန်းကြီးများအနေဖြင့် ဟိုက်ဒရိုဂျင်ကွန်ရက်တည်ဆောက်ရန် လိုအပ်သည်များအား ဖြည့်ဆည်း ပေးနိုင်လိမ့်မည်ဖြစ်သည်။

သို့သော် ပတ်ဝန်းကျင် ညစ်ညမ်းမှုများကို လျှော့ချရန် အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းစဉ်ဖြစ်သည့် clean technology က အလုပ်အကိုင်များအပေါ် ခြိမ်းခြောက်လာနိုင်သည့် အနေအထားတွင် အဆိုပါကတိကဝတ်ထွက်ပေါ်လာသည်။ ဥပမာအားဖြင့် သမားရိုးကျ လောင်ကျွမ်းသော အင်ဂျင်များကို ထိန်းကျောင်းရန် လိုအပ်သော လုပ်သားအင်အား၏ ဆယ်ပုံတစ်ပုံခန့်သာလျှင် လျှပ်စစ်ကားများ၌ လိုအပ်တော့မည် ဖြစ်ပါသည်။

 

 

 

Source:   https://www.dw.com/en/hydrogen-germany-reliant-on-emerging-economies/a-66352563

( စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: International News