International News

ဟောင်ကောင်ဒေသ၏ အလုပ်လက်မဲ့နှုန်းထားမပြောင်းလဲဘဲ ၂.၉ ရာခိုင်နှုန်းတွင် ရပ်တည်

Last Updated:

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း ဟောင်ကောင်ဒေသ၏ အလုပ်လက်မဲ့နှုန်းထားမှာ ယခင်သုံးလပတ်ဖြစ်သည့် ဩဂုတ်လမှ အောက်တိုဘာအတွင်း၌ ရှိခဲ့သည့် ပမာဏအတိုင်း ၂.၉ ရာခိုင် နှုန်းတွင် ဆက်လက်တည်ရှိနေကြောင်း Hong Kong Business သတင်းဌာနမှ “Unemployment rate remains at 2.9%” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ ဒီဇင်ဘာလ တတိယအပတ်တွင် ထုတ်ပြန်သည့်  အချက် အလက်များအရ စက်တင်ဘာလမှ နိုဝင်ဘာလ သုံးလပတ်ကာလအတွင်း အလုပ်လက်မဲ့ဦးရေ ၁၁၂,၄၀၀ ဦး ရှိကြောင်းနှင့် ယခင်သုံးလပတ်ကာလထက် ၄,၇၀၀ ဦး လျော့နည်းသွားပြီး စုစုပေါင်း အလုပ်လက်မဲ့ဦးရေ ၃,၇၀၈,၇၀၀ ဦး ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ကဏ္ဍအသီးသီးရှိ အလုပ်လက်မဲ့နှုန်းထားမှာနိမ့်ကျနေပြီး၊ယခင်သုံးလပတ်ကာလဖြစ်သည့် ဩဂုတ်လမှ အောက်တိုဘာလအတွင်း စာရင်းဇယားနှင့် နှိုင်းယှဉ်ပါက ပြောင်းလဲမှုအနည်းငယ်သာရှိသည်ဟု အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနဝန်ကြီး Chris Sun ကပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ရရာလုပ်ငန်းလုပ်ကိုင်မှုနှုန်းထားအနေဖြင့် စက်တင်ဘာလမှ နိုဝင်ဘာလ သုံးလပတ်အတွင်း ၁ ရာခိုင် နှုန်းသာရှိပြီး အရေအတွက်အားဖြင့် ၃,၆၀၀ ဦး ရှိသောကြောင့် ယခင်သုံးလပတ်ကာလတွင်ရှိခဲ့သည့် ရာခိုင်နှုန်းအတိုင်း မပြောင်းလဲဘဲရှိနေကြောင်း ရေးသားဖော်ပြထားပါသည်။

လုပ်သားဈေးကွက်သည် မကြာမီကာလအတွင်း အကြပ်အတည်း ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ် ကြောင်း၊ ပြင်ပနိုင်ငံများတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် ဟောင်ကောင်ဒေသအပေါ် ဆိုးကျိုးများ သက်ရောက်နိုင်ကြောင်းနှင့် ခရီးသွားလာရောက်မှုနှင် တစ်ဦးချင်းသုံးစွဲမှုများ မျှော်မှန်းထားသကဲ့သို့ ဦးမော့လာခြင်းမှာ လုပ်သားလိုအပ်ချက်အတွက် ဆက်လက်အထောက်အကူပြုသွားမည်ဖြစ်ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News