International News

တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် စီးပွားရေးတည်ငြိမ်ပြီး တိုးတက်ရန်အတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ဖော်ဆောင်လျက်ရှိ

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ၂၀၂၄ ခုနှစ် တစ်နှစ်တာလုံးတွင် တည်ငြိမ်ပြီး တိုးတက်လာ သော စီးပွားရေးအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ရှိကြောင်း နိုင်ငံ၏ ထိပ်တန်းစီးပွားရေး စီမံသူတစ်ဦးက ဧပြီလ ၂၅ ရက်နေ့၌ ပြောကြားခဲ့သည်။ အဓိကပြုပြင်ပြောင်းလဲရေးမူဝါဒများနှင့် အစပျိုးမှုများမှတစ်ဆင့် ဆက်တိုက်အကောင်အထည်ဖော်ဆောင်ရွက်မှုများ ဆောင်ရွက်ခြင်းဖြင့် စစ်မှန်သော စီးပွားရေး ခိုင်မာလာစေခြင်း၊ စားသုံးမှုမြှင့်တင်ခြင်း၊ ရင်နှီးမြှုပ်နှံမှု တိုးချဲ့ခြင်းနှင့် နိုင်ငံခြားကုန်သွယ်မှု တည်ငြိမ်စေခြင်း စသည်တို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (National Development and Reform Commission – NDRC) ၏ တာဝန်ခံအရာရှိ၊  Li Hui က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ပထမသုံးလပတ် (Q1) စီးပွားရေးစွမ်းဆောင်မှုဆိုင်ရာ စကားဝိုင်းတွင် အရည် အသွေးပြည့် ကုန်ထုတ်စွမ်းအားသစ်များ ဖွံ့ဖြိုးတိုးတက်မှု၊ ပြုပြင်ပြောင်းလဲမှုနှင့် ဖွင့်လှစ် ဆောင်ရွက်နိုင်မှုတို့ကို ပိုမိုဖော်ဆောင်နိုင်သည့် စက်မှုလုပ်ငန်း အဆင့်မြှင့်တင်ရေးဆိုင်ရာ အခွင့်အလမ်းကောင်းသည် လာမည့်သုံးလပတ်အတွင်း ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာစိန်ခေါ်မှုများနှင့် စွန့်စားမှုများ (Risks) အပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် မူဝါဒများနှင့် ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပထမသုံးလပတ်အတွင်း Macro စီးပွားရေးရှုထောင့်မှကြည့်လျှင် နိုင်ငံ၏စီးပွားရေး လည်ပတ်မှုမှာ အလုံးစုံပြန်လည်ဦးမော့လာနေပြီး တိုးတက်မှုလမ်းကြောင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ပထမသုံးလပတ်အတွင်း စီးပွားရေးနှင့် လူမှုရေးဖွံဖြိုးတိုးတက်မှုများ၌ တည်ငြိမ်သော အစပြုမှုကို ရရှိနေပြီဖြစ်ကြောင်း လီ (Li) က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ GDP သည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ယွမ် ၂၉ ဒဿမ ၆၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄ ဒဿမ ၁၇ ထရီလီယံခန့်) သို့ တစ်နှစ်ထက်တစ်နှစ် ၅ ဒဿမ ၃ ရာခိုင်နှုန်း တိုးလာကြောင်း အမျိုးသားစာရင်းအင်းဗျူရို (National Bureau of Statistics) ၏ အချက်အလက်များအရ သိရပါသည်။ ၂၀၂၃ ခုနှစ်အတွက် စုစုပေါင်း GDP တိုးတက်မှုနှုန်း ၅ ဒဿမ ၂ ရာခိုင်နှုန်းနှင့် ယခင်နှစ် စတုတ္ထသုံးလပတ်တွင် မှတ်တမ်းတင်ထားသည့် GDP တိုးတက်မှုနှုန်း ၅ ဒဿမ ၂ ရာနိုင်နှုန်းတို့နှင့် နှိုင်းယှဉ်ပါက ပိုမိုမြှင့်တက်လာကြောင်း သိရသည်။

စိန်ခေါ်မှုများ

တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းကို ၂၀၂၄ ခုနှစ်အတွက် ၅ ရာခိုင်နှုန်းအထိ မျှော်မှန်းထားပြီး တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက နိုင်ငံ၏ ခိုင်မာသောအခြေခံအုတ်မြစ်များနှင့် ပံ့ပိုးပေးသည့် မက်ခရို (Macro) စီးပွားရေးမူဝါဒ ရောထွေးမှုကို ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ကြောင်း ယုံကြည်ကြသည်။ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေး စိတ်ခေါ်မှုများလည်း ရှိနေဆဲပင်ဖြစ်ပါသည်။ တရုတ်စီးပွားရေး၏ လက်ရှိဆောင်ရွက်မှုများတွင် အပြုသဘောဆောင် သောအချက်များ ပိုမိုဖော်ဆောင်လာနိုင်သဖြင့် ကောင်းသည့်လက္ခဏာဖြစ်ကြောင်း၊ သို့သော် လည်း ရှုပ်ထွေးပြင်းထန်ပြီး မသေချာသော ပတ်ဝန်းကျင် အခြေအနေများကြောင့် ဖြစ်ပေါ်လာသည့် သိသာထင်ရှားသော စိန်ခေါ်မှုများကို အသိအမှတ်ပြုကြောင်း NDRC ၏ လက်ထောက်အကြီးအကဲ Liu Sushe က ပြောကြားခဲ့သည်။

အပြုသဘောဆောင်သောအချက်များ ဆက်တိုက်တိုးတက် ဖော်ဆောင်လာသော်လည်း ပြည်တွင်း၌ ထိရောက်သော ဝယ်လိုအားအတွက် လုံလောက်မှုမရှိသေးကြောင်း၊ လူမှုရေးဆိုင်ရာ မျှော်မှန်းချက်များမှာလည်း အားနည်းနေသေးကြောင်း၊ နိုင်ငံစီးပွားရေးသည် စွန့်စားမှုများနှင့် စိတ်ခေါ်မှုများကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း Liu က ပြောကြားခဲ့သည်။

စိန်ခေါ်မှုများကို တုန့်ပြန်ရန်အတွက် NDRC တွင် ရှင်းလင်းသော အစီအစဉ်တစ်ခုရှိသည်။ ၂၀၂၄ ဒုတိယသုံးလပတ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုထိရောက်စွာ ဆွဲဆောင်အသုံးချနိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ဆောင်ချက်များအပါအဝင် အရေးကြီးသော ကဏ္ဍများကို အာရုံစိုက်လုပ်ဆောင် သွားရမည်ဖြစ်ကြောင်း၊ စက်ပစ္စည်းမွမ်းမံမှုများနှင့် လူသုံးကုန်ပစ္စည်းများ ကုန်သွယ်ခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆင့်မြင့်နည်းပညာများ၌ မိမိကိုယ်ကို အားကိုးအားထားပြုမှုကို မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကော်မရှင်၏ လက်ထောက်အထွေထွေအတွင်းရေးမှူး Yuan Da က ပြောကြားခဲ့သည်။

Goldman Sachs နှင့် Citi Group တို့သည် မကြာသေးမီက ထုတ်ပြန်ခဲ့သော အစီအရင်ခံစာများတွင် တရုတ်နိုင်ငံ၏ စီးပွားရေးအတွက် ၂၀၂၄ ခုနှစ်၌ အပြုသဘောဆောင်သော စတင်မှုများဖြင့် စတင်ခဲ့ကြကြောင်းနှင့် အစိုးရ၏ GDP တိုးတက်မှုရည်မှန်းချက် ၅ ရာခိုင်နှုန်း ပြည့်မီ အောင်မြင်နိုင်ရေးအတွက် ၎င်းတို့၏ မျှော်မှန်းချက်များကို မြှင့်တင်ခဲ့ကြသည်။ Citi Group အနေဖြင့် စီးပွားရေးတိုးတက်မှု တည်ငြိမ်စေရန် ရည်ရွယ်သည့် မူဝါဒအသစ်ကို အရှိန်မြှင့် အကောင်အထည်ဖော် လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။ မူဝါဒများကို အကောင် အထည်ဖော်ရာ၌ ပံ့ပိုးပေးမှုအဖြစ် တရုတ်အစိုးရသည် အကြီးစား စက်ကိရိယာများ အဆင့်မြှင့်တင်ခြင်းနှင့် လူသုံးကုန်ပစ္စည်းများ ကုန်သွယ်ခြင်း ကိစ္စရပ်များ၌ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းအပြင် တရုတ်အစိုးရအနေဖြင့် စီးပွားရေးပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်လာစေရန်နှင့် စီးပွားရေးဖွင့်လှစ် ဆောင်ရွက်မှုကို တိုးတက်လာစေရန် ခိုင်မာသည့် အရင်းအမြစ်များကို ပံ့ပိုးပေးခဲ့သည်။ ၂၀၂၄ ခုနှစ်အတွက် တရုတ်နိုင်ငံ၏ GDP တိုးတက်မှုနှုန်း ပြည့်မီနိုင်ရန်အတွက် Goldman Sachs သည် ၎င်း၏ GDP မျှော်မှန်းချက်ကို ၄ ဒဿမ ၈ ရာခိုင်နှုန်းမှ ၅ ခိုင်နှုန်းသို့ ပြန်လည်ပြင်ဆင်ခဲ့သကဲ့သို့ Citi Group သည်လည်း အလားတူ ၎င်း၏ GDP မျှော်မှန်းချက် ၄ ဒဿမ ၆ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ခဲ့ကြကြောင်း သိရသည်။

 

 

အရင်းမြစ်။ http://en.people.cn/n3/2024/0425/c90000-20161467.html

လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News