International News

ဩဂုတ်လအတွင်း တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းဆိုင်ရာအမြတ်ငွေများ ပြန်လည်မြှင့်တက်

Last Updated:

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းဆိုင်ရာ အမြတ်ငွေများ ပြန်လည် မြှင့်တက်လာခဲ့ပြီး စီးပွားရေးကို အထောက်အကူဖြစ်စေသော မူဝါဒအစီအမံများကြားမှ စီးပွားရေး ပြန်လည်ဦးမော့လာပြီဖြစ်ကြောင်း ဖော်ပြနေသည်။

နှစ်စဉ် ဝင်ငွေအနည်းဆုံး ယွမ်သန်း ၂၀ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ သန်း) ရှိသည့် စက်မှုလုပ်ငန်းများသည် ဇူလိုင်လတွင် ၆ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီးနောက် ဩဂုတ်လတွင် တစ်နှစ်ထက်တစ်နှစ် အမြတ်ငွေ ၁၇ ဒသမ ၂ ရာခိုင်းနှုန်းအထိ မြှင့်တက်လာကြောင်း တရုတ်နိုင်ငံ၏ အမျိုးသားစာရင်းအင်ဗျူရို (NBS) က ဗုဒ္ဓဟူးနေ့တွင်ဖော်ပြခဲ့သည်။

အားပေးဆောင်ရွက်သည့် အစီအမံများ၏ စဉ်ဆက်မပြတ် အကျိုးသက်ရောက်မှုနှင့်အတူ လုပ်ငန်းများ၏ အမြတ် အစွန်းတိုးတက်မှုနှင့် စက်မှုကုန်ထုတ်လုပ်မှုတွင် တည်ငြိမ်သော ပြန်လည် ကောင်းမွန်လာမှုတို့ကို စက်မှုလုပ်ငန်းဆိုင်ရာ အမြတ်အစွန်းများအဖြစ် အသိအမှတ်ပြုခဲ့သည်။

ဇန်နဝါရီလမှ ဩဂုတ်လအတွင်း စက်မှုလုပ်ငန်းကုမ္ပဏီများ၏ အမြတ်ငွေသည် ယွမ် ၄ ဒသမ ၆ ထရီလီယံသို့ တစ်နှစ်ထက်တစ်နှစ် ၁၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ၂၀၂၃ ခုနှစ်၏ ပထမ (၇) လတာကာလအတွင်း ၁၅ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းမှုနှင့် နှိုင်းယှဉ်ပါက အနည်းငယ် လျော့နည်းလာသည်ကို တွေ့ရှိရသည်။

စစ်တမ်းကောက်ယူလေ့လာခဲ့သည့် အဓိကစက်မှုလုပ်ငန်း ၄၁ ခုအနက်မှ ၃၀ ခုတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာမှု၊ အမြတ်စွန်းကျဆင်းမှုများ လျော့နည်းလာခြင်း (သို့မဟုတ်) ပထမ (၈) လအတွင်း ၎င်းတို့၏ အမြတ်အစွန်းများ တစ်နှစ်ထက်တစ်နှစ်တိုးလာခြင်း စသည့် တိုးတက်မှုများကို တွေ့ရှိခဲ့ရသည်။

ဇန်နဝါရီလမှ ဩဂုတ်လအတွင်း လျှစ်စစ်စွမ်းအင်၊ အပူဓါတ်ငွေ့၊ ဂတ်စ်နှင့် ရေဖြန့်ဝေသည့် စက်မှုလုပ်ငန်းကုမ္ပဏီများအနေဖြင့် မှတ်တင်ထားသော အမြတ်ငွေသည် ပထမ (၇) လ၏ ၃၈ ရာခိုင်နှုန်းထက် တစ်နှစ်ထက်တစ်နှစ် ၄၀ ဒသမ ၄ ရာခိုင်နှုန်း တိုးလာသည်။ သတ္ထုတူးဖော်ရေး ကုမ္ပဏီများနှင့် ကုန်ထုတ်လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများအနေဖြင့် မှတ်တမ်းတင်ထားသော အမြတ်ငွေသည် ပထမ (၇) လ၏ ၂၁ ရာခိုင်နှုန်းနှင့် ၁၈ ဒသမ ၄ ရာခိုင်နှုန်းတို့နှင့် နှိုင်းယှဉ်ပါက ပထမ (၈) လအတွင်း ၂၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၁၃ ဒသမ ၇ ရာခိုင်နှုန်းသို့ အသီးသီး ကျဆင်းသွားသည်။

ထူးခြားသည်မှာ စက်ကိရိယာများထုတ်လုပ်သည့် လုပ်ငန်းများ၏ အမြတ်ငွေသည် ပထမ (၇) လအတွင်း ၁ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာပြီးနောက် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း နှစ်တစ်နှစ်၏ ၃ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ လျှပ်စစ်စက်ပစ္စည်များထုတ်လုပ်သည့် ကုမ္ပဏီများနှင့် မော်တော်ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီများအနေဖြင့် အလားတူကာလတွင် တစ်နှစ်ထက်တစ်နှစ် ၃၃ ရာခိုင်နှုန်းနှင့် ၂ ဒသမ ၄ ရာခိုင်နှုန်း အသီးသီး မြှင့်တက်လာသည်ကို တွေ့ရှိရသည်။

 

 

 

 

အရင်းမြစ်။ https://www.chinadaily.com.cn/a/202309/27/WS65139605a310d2dce4bb81ce.html

(စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ (ကူမင်းမြို့))

Category: International News