International News

တရုတ်နိုင်ငံသည် ပိုမိုလွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များကို အကောင်အထည် ဖော်ရန်နှင့် ဖော်ဆောင်မှု တိုးမြင့်လာစေရန် ရည်မှန်းထား

Last Updated:

တရုတ်နိုင်ငံသည် ဇန်နဝါရီလ ၂၉ ရက်နေ့၊ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်များ (FTAs) ညှိနှိုင်းရာ၌ သိသာထင်ရှားသော အောင်မြင်မှုများကို ဖော်ဆောင်၍ တမ္ဘာလုံးဆိုင်ရာ စံနှုန်းမြင့်သော ကုန်သွယ်မှုဧရိယာများ၏ ကွန်ယက်တိုးချဲ့နိုင်မည့် ကြိုးပမ်းမှုများကို ၂၀၂၄ ခုနှစ်တွင် တိုးမြှင့်ဆောင်ရွက်သွားရန် စီစဉ်ထားသည်။

တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၂၉ နိုင်ငံနှင့် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် (၂၂) ခုကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်သူ Mr. Wang Shouwen က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ အဖွင့်အမြတ်ဝေစုများနှင့် ဒေသတွင်း စီးပွားရေးတိုးတက်မှုကို မျှဝေရန် လှုပ်ရှားမှုတွင် ၂၀၂၄ ခုနှစ်၌ FAT ညှိနှိုင်းမှုများနှင့် ပတ်သက်၍ ကြိုးပမ်းအားထုတ်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် FTA စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ အစီအစဉ် အပြည့်အစုံ ရေးဆွဲထားပါကြောင်း ဖော်ပြခဲ့သည်။

ပိုမိုကျယ်ပြန့်သော FTA ကွန်ယက်ဆီသို့

တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု ဧရိယာ၏ Version 3.0 အတွက် ညှိနှိုင်းမှုများကို ယခုသီတင်းပတ်တွင် တရုတ်နိုင်ငံတောင်ပိုင်း ဟန်ကျိုးမြို့တွင် ပြုလုပ်သွားရန် စီစဉ်ထားသည်။ ယခုနှစ်ဆွေးနွေးပွဲကို အပြီးသတ်ဆွေးနွေးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း Mr. Wang က ကတိပြုခဲ့သည်။

တရုတ်-အာဆီယံ လွတ်လုပ်သောကုန်သွယ်မှု ဧရိယာတည်ဆောက်ခြင်းသည် ၂၀၁၀ ခုနှစ်တွင် ပြီးစီးခဲ့သည်။ အကောက်ခွန်အချက်အလက်များအရ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုသည် ၂၀၁၃ ခုနှစ်မှ စတင်၍ နှစ်စဉ်တိုးတက်မှုနှုန်း ၈ ဒသမ ၈ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်အဖြစ် လေးနှစ်ဆက်တိုက် ရပ်တည်ခဲ့ပြီး တရုတ်နိုင်ငံသည်လည်း အာဆီယံ၏ အကြီးဆုံး မိတ်မက်နိုင်ငံအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သည်။

လွတ်လပ်သောကုန်သွယ်မှု ဧရိယာကို ၎င်း၏ တတိယဗားရှင်း (Version 3.0) အဖြစ် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် အဆင့်မြှင့်တင်ရန် စေ့စပ်ညှိနှိုင်းမှုများကို တရားဝင်စတင်ကြောင်း ပါတီ (၂) ရပ်ကကြေညာခဲ့သည်။ ပိုမိုပါဝင်ဆောင်ရွက်နိုင်သော ခေတ်မီပြည့်စုံပြီးအပြန်အလှန်အကျိုးရှိသည့် တရုတ်-အာဆီယံ FTA ကို တည်ဆောင်နိုင်ရန် ကုန်စည်ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဒဂျစ်တယ်နှင့်အစိမ်းရောင်စီးပွားရေး စသည့်နယ်ပယ်များ စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်လာသည်။

တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဧရိယာ၏ ဗားရှင်းသစ်သည် ဒေသတွင်း ဘက်စုံ စီးပွားရေးမိတ်ဖက်ဆက်ဆံရေး (RCEP) ကို အဆင့်မြှင့်တင်ရန် ပံ့ပိုးပေးနိုင်မည်ဟု ကျွမ်းကျင်သူများကယုံကြည်ကြသည်။ တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဧရိယာ Version 3.0 ၏ ထိပ်တန်းစံနမူနာကိုလိုက်နာပြီး ၎င်း၏ပူးပေါင်းဆောင်ရွက်မှုနှင့်လွှမ်းမိုးမှုရှိသော အကျိုးသက်ရောက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် RCEP အတွက် ပိုမိုလွယ်ကူလာမည်ဖြစ်ကြောင်း Renmin University of China မှ ပါမေက္ခ Mr. Wang Yiwei က ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း တရုတ်နိုင်ငံသည် အာဆီယံအပြင် ဟွန်ဒူးရပ်စ် (Honduras) နှင့် FTA စေ့စပ်ညှိနှိုင်းမှုများအပြီးသတ်ရန် ရည်မှန်းထားပြီး စေ့စပ်ညှိနှိုင်းမှုတွင် ပီရူးနိုင်ငံနှင့် FTA အဆင့်မြှင့်တင်ရေး ညှိနှိုင်းမှုများလည်း ပါဝင်လာမည်ဖြစ်သည်။ ထို့အပြင် နယူဇီလန်နိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီတို့နှင့်အတူ FTA ညှိနှိုင်းမှု သို့မဟုတ် အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ သိရှိရသည်။

တရုတ်နိုင်ငံသည် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေး သဘောတူညီမှု (the Comprehensive and Progressive Agreement for Trans-Pacific Partnership-CPTPP) နှင့် ဒစ်ဂျစ်တယ်စီးပွားရေး မိတ်ဖက်သဘောတူညီမှု (Digital Economy Partnership Agreement-DEPA) တို့တွင် ပါဝင်နိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်သည်။ CPTPP စည်းမျဉ်းများနှင့် ကိုက်ညီရန် ကြိုးပမ်းမှုတွင် တရုတ်နိုင်ငံသည် ရှန်ဟိုင်းနှင့် အခြားအရည်အချင်းပြည့်မီသည့် ဒေသများ၌ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အစီအမံများကို ရေးဆွဲခဲ့ပြီး ဆက်စပ်အချက်အလက်များကို မိတ်ဆက်ခဲ့သည်။ ယင်းလုပ်ဆောင်ချက်မှ ရလာဒ်ကောင်းများ ထွက်ပေါ်လာပါက အခြားဒေသများတွင်လည်း အလားတူ လုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆင့်မြင့်သော ဖော်ဆောင်မှုဆီသို့ 

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသည် နီကာရာဂွာ (Nicaragua) နှင့် FTA လက်မှတ်ရေးထိုး ခြင်းဖြင့် ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖော်ဆောင်နိုင်ရန် Negative-List model တစ်ခုကို သဘောတူနိုင်ခဲ့သည်။ စင်္ကာပူနိုင်ငံနှင့် FTA အဆင့်မြှင့်တင်ရေး စာချုပ်တစ်ခုကို လက်မှတ်ရေးထိုး နိုင်ခဲ့သည်။ ယင်းမှာ တရုတ်နိုင်ငံ၏ FTA ညှိနှိုင်းဆွေးနွေးမှုသမိုင်းတွင် မှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။

စင်္ကာပူနိုင်ငံနှင့် FTA အဆင့်မြှင့်တင်ရေး သဘောတူစာချုပ်နှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တရုတ်နိုင်ငံတကာ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအကယ်ဒမီမှ သုတေသီ Yuan Bo က ဝန်ဆောင်မှုများနှင့် ရင်းနှီမြှုပ်နှံမှုများသည် နှစ်နိုင်ငံအတွက် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး အလားအလာများဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ နယ်ပယ်နှစ်ခုသည် တရုတ်နှင့် စင်္ကာပူတို့၏ ဘုံအကျိုးစီးပွားဖြစ်ကြောင်း ဖော်ပြခဲ့သည်။

RCEP ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ RCEP အဖွဲ့ဝင်နိုင်ငံများအကြား လူသုံးကုန် ပစ္စည်းများကုန်သွယ်ခြင်း၊ နယ်စပ်ဖြတ်ကျော် e-commerce၊ ဝန်ဆောင်မှု ကုန်သွယ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံသည် လုံလောက်သော အခန်းကဏ္ဍ၌ရှိနေပြီဖြစ်သည်။ RCEP အဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံနှင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု တန်ဖိုးသည် ၂၀၂၃ ခုနှစ်တွင် ယွမ် ၁၂ ဒသမ ၆ ထရီလီယံ (အမေရိကန် ဒေါ်လာ ၁ ဒသမ ၇၇ ထရီလီယံခန့်) ရှိပြီး သဘောတူညီချက်များ မစတင်မီ ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

စာချုပ်အရ RCEP နိုင်ငံများမှ တင်သွင်းသည့် ကုန်စည်များအတွက် အကောက်ခွန်မဲ့ တရုတ်ယွမ်ငွေ ၂ ဒသမ ၃၆ ဘီလီယံကို တရုတ်ကုန်သွယ်ရေးကုမ္ပဏီများက ခံစားခွင့်ရရှိခဲ့သည်။ RCEP နိုင်ငံများမှ လုပ်ငန်းရှင်များအနေဖြင့် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများအတွက် ယွမ်ငွေ ၄ ဒသမ ၀၅ ဘီလီယံ အခွန်ဖြတ်တောက်ခင်းမှ ကင်းလွတ်သော အကျိုးအမြတ်ရရှိခဲ့ပါသည်။ တရုတ်နိုင်ငံသည် RCEP သဘောတူစာချုပ် အကောင်အထည်ဖော်မှုတွင် အရေးပါသော ပံ့ပိုးကူညီသူဖြစ်ပြီး အကျိုးခံစားခွင့်ရှိသူလည်း ဖြစ်ပါသည်။

ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ FTA ကွန်ရက်ကို စံနှုန်းမြင့်တစ်ခုသို့ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံအနေဖြင့် အကောက်ခွန်မဲ့ ကုန်ပစ္စည်းအချိုးကို တိုးမြှင့်ခြင်း၊ ဝန်ဆောင်မှု ကုန်သွယ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်နိုင်ရန် တွန်းအားပေးဆောင်ရွက်ခြင်း၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေး၊ စံချိန်စံညွှန်း သတ်မှတ်ချက်နှင့် FTA ညှိနှိုင်းမှုအသစ်တွင် အစိုးရ၏ဝယ်ယူမှုတို့နှင့် သက်ဆိုင်သည့် ကုန်သွယ်ရေးစည်းမျည်းများ မိတ်ဆက်ခြင်းတို့ကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်သည်။

 

 

အရင်းမြစ်။ http://en.people.cn/n3/2024/0130/c90000-20128197.html

လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News