International News

ဂျာမနီ၏ ဂျီဒီပီ သည် ၂၀၂၃ ခုနှစ် ဒုတိယသုံးလပတ်တွင် ဆက်လက် ကျဆင်းမှုမရှိတော့ဘဲ ရပ်တန့်သွားခဲ့

Last Updated:

ဂျာမနီနိုင်ငံတွင် စျေးနှုန်း၊ ရာသီအလိုက်နှင့် အချိန်ကာလပြက္ခဒိန် ပြောင်းလဲမှုများကို ချိန်ညှိပြီး သည့်နောက် ၂၀၂၃ ခုနှစ် ဒုတိယသုံးလပတ် ဂျီဒီပီမှာ (၀.၀) ရာခိုင်နှုန်းထက်  ဆက်လက်ကျဆင်း သွားခြင်း မရှိတော့ဘဲ ရပ်တန့်သွားခဲ့သည်။  ဂျာမန်စီးပွားရေး စွမ်းဆောင်ရည်သည် ပြီးခဲ့သည့် သုံးလပတ်နှစ်ခုဖြစ်သော၂၀၂၂ ခုနှစ်၏ စတုတ္ထသုံးလပတ် (-၀.၄ %) နှင့် ယခုနှစ်၏ ပထမ သုံးလပတ်(- ၀.၁ %) တို့တွင် နှစ်ပတ်ဆက်တိုက် ကျဆင်းခဲ့ပါသည်။  အအေးလျော့သော ဆောင်းရာသီ၏ နှစ်တစ်ဝက် ကုန်ဆုံးပြီးသည့်နောက် ၂၀၂၃ ခုနှစ် ဒုတိယသုံးလပတ်တွင် အိမ်ထောင်စုအလိုက် သုံးစွဲခဲ့သောအသုံးစရိတ်မှာ တည်ငြိမ်ခဲ့ပြီဖြစ်ကြောင်းနှင့် ဂျီဒီပီမှာ ဆက်လက်ကျဆင်းခြင်းမရှိတော့ကြောင်း The Federal Statistical Office (Destatis) ၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၂၈) ရက်တွင် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

 

 

 

Source:   https://www.destatis.de/EN/Press/2023/07/PE23_299_811.html

 

( စီးပွားရေးသံမှူး၊ ဘာလင်)

Category: International News