International News

အမေရိကန်မိသားစုများ စွမ်းအင်လုံလောက်မှုရှိစေရန်အတွက် ပြန်အမ်းငွေ အမေရိကန်ဒေါ်လာ (၈.၅) ဘီလီယံ ပေးသွားမည်

Last Updated:

အမေရိကန်မိသားစုများ စွမ်းအင်လုံလောက်မှုရှိစေရန်အတွက် ပြန်အမ်းငွေ အမေရိကန် ဒေါ်လာ (၈.၅) ဘီလီယံ ပေးသွားမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ Reuters အွန်လိုင်းသတင်းတွင် “US Launches $8.5 billion in rebates for home energy efficiency” ခေါင်းစဉ်ဖြင့် သတင်း ရေးသားဖော်ပြထားပါသည်။

အမေရိကန်မိသားစုများအနေဖြင့် စွမ်းအင်အသုံးစရိတ်နှင့် စွမ်းအင်သုံးစွဲမှုထိရောက်စေရန် အဆင့်မြှင့်တင်မည့် ပြန်အမ်းငွေ အမေရိကန်ဒေါ်လာ (၈.၅) ဘီလီယံအထိ ထောက်ပံ့သွားမည့် အစီအစဉ်အတွက် အမေရိကန်ပြည်နယ်များနှင့် နယ်မြေဒေသများမှမိသားစုများ၏ လျှောက်လွှာများ ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် လက်ခံနေပြီးဖြစ်ကြောင်း အမေရိကန်စွမ်းအင်ဝန်ကြီးဌာနမှ ပြောကြားခဲ့ပါကြောင်း၊ အမေရိကန်ပြည်နယ်များနှင့် နယ်မြေဒေသများမှတစ်ဆင့် လျှောက်ထားပြီး ဝန်ကြီးဌာနမှ ရန်ပုံငွေထုတ်ပေးပြီးပါက အပူဒဏ်ကာကွယ်မှုပစ္စည်းများ၊ အပူပေးစက်များနှင့် ထိရောက်မှုရှိသော အသုံးအဆောင်ပစ္စည်းများအတွက် ပြန်အမ်းငွေများရရှိမည်ဖြစ်ပါကြောင်း၊  ပြန်အမ်းငွေ ပေးအပ်မည့်အစီအစဉ်နှစ်ခုသည် ၂၀၂၂ ခုနှစ်တွင် ဥပဒေပြုလွှတ်တော်က ပြဋ္ဌာန်းခဲ့သည့် အမေရိကန် သမ္မတဂျိုးဘိုင်ဒင်၏ ငွေကြေးဖောင်းပွမှုလျှော့ချရေးအက်ဥပဒေအရ ထောက်ပံ့ပေးခြင်း ဖြစ်ပါ ကြောင်း၊ ဤအက်ဥပဒေသည် ရီပတ်ဘလစ်ကန်ပါတီအမတ်များ၏မဲပေးခြင်းမခံရဘဲ ဒီမိုကရက် ပါတီအမတ်များ၏မဲတစ်ခုတည်းဖြင့်သာ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြန်အမ်းငွေပေးခြင်း အစီအစဉ်သည် တစ်နှစ်လျှင် စွမ်းအင်အသုံးစရိတ် အမေရိကန်ဒေါ်လာ (၁) ဘီလီယံ အထိလျှော့ချ နိုင်မည်ဖြစ်ပြီး  ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်မှုနှင့်  အခြားစီးပွားရေးလုပ်ငန်းများတွင် အလုပ်အကိုင်(၅၀,၀၀၀)ခန့်ထိ ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဤပြန်အမ်းငွေပေးမှုအစီအစဉ်သည် ယခုနှစ်ကုန်ပိုင်းတွင်စတင်၍ လိုအပ်ချက်အပေါ်မူတည်ကာ ၂၀၂၄ ခုနှစ်အထိ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ရီပတ်ဘလစ်ကန်အမတ်များက မဲမပေးခဲ့သဖြင့် ယင်းတို့၏ပြည်နယ်များက ပြန်အမ်းငွေလျှောက်ထားမှုအစီအစဉ်ကို ငြင်းပယ်မည်ကို စိုးရိမ်ပါကြောင်း၊ သို့ရာတွင် အစိုးရအနေဖြင့်နိုင်ငံ တစ်ဝှမ်းရှိ မိသားစုများ ဤအစီအစဉ်မှ အကျိုးကျေးဇူးရရှိရန် မျှော်လင့်ပါကြောင်း၊ ထိရောက်မှုရှိသောမိသားစုပြန်အမ်း ငွေအစီအစဉ် (Home Efficiency Rebate Program) သည် မိသားစုတစ်စုနှင့် တစ်စုထက်ပိုသည့်မိသားစုရှိသော အိမ်များအတွက် ကြိုတင်အသုံးစရိတ်ကို ပြည်နယ်စွမ်းအင်ရုံးများတွင် ဖြတ်တောက်မည့်အစီအစဉ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ       (၄.၃) ဘီလီယံခန့် ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ မီးရရှိရေးနှင့် အသုံးအဆောင်ပစ္စည်းများအတွက် ပြန်အမ်းငွေပေးခြင်းအစီအစဉ် (Home Electrification and Appliance Rebates Program) သည် ထိရောက်မှုရှိသော လျှပ်စစ်သုံးနည်းပညာပစ္စည်းများအတွက်  ပြည်နယ်များကို အမေရိကန်ဒေါ်လာ (၄.၂၇၅) ဘီလီယံ ထောက်ပံ့ပေးမည်ဖြစ်ပြီး လူနည်းစုများကိုလည်း အလားတူပုံစံဖြင့် အမေရိကန်ဒေါ်လာ (၂၂၅) သန်း ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ ဝင်ငွေနည်းမိသားစုများအနေဖြင့် ၎င်းတို့ဝယ်ယူမှုအပေါ် အမေရိကန်ဒေါ်လာ (၁၄,၀၀၀) အထိ စုဆောင်းနိုင်မည်ဖြစ်ပြီးပြန်အမ်းငွေလက်ခံသည့် မိသားစုများအနေဖြင့် ဝယ်ယူသည့်ပစ္စည်းတန်ဖိုးသည် ၎င်းတို့ဝင်ငွေ၏မည်မျှရှိကြောင်း တင်ပြရန်မလိုအပ်ဟု အမေရိကန် စွမ်းအင်ဝန်ကြီးက ပြောကြားခဲ့ပါကြောင်း ဖော်ပြထားပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News