International News

SMEs လုပ်ငန်းများအနေဖြင့် အွန်လိုင်းစီးပွားရေးတွေ့ဆုံပွဲများမှ ဘတ်ငွေ(၁၀၀)သန်း ဝင်ငွေရရှိ

Last Updated:

အွန်လိုင်းစီးပွားရေးတွေ့ဆုံပွဲများကြောင့် SMEs လုပ်ငန်းများအနေဖြင့် ဝင်ငွေ ဘတ်(၁၀၀)သန်းအထိ ရရှိခဲ့ကြောင်း ထိုင်း ပို့ကုန်-သွင်းကုန်ဘဏ် Export-Import Bank of Thailand မှ သတင်းရရှိပါသည်။ Exim Bank မှ ကူညီစီစဉ်ပေးခဲ့သည့် Global Business Matching 2020 စီမံကိန်းသည် ဩဂုတ်လအစောပိုင်းတွင် ထိုင်း SMEs စီးပွားရေးလုပ်ငန်းပေါင်း(၄၅)ခုနှင့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်ပေါင်း(၆၀)တို့၏ စီးပွားရေးဆိုင်ရာတွေ့ဆုံမှု Matching (၁၁၈)ခုမှ အရောင်းဝင်ငွေ ဘတ်(၁၀၀)သန်းရရှိခဲ့ကြောင်း၊ Exim ဘဏ်မှ အမည်မဖေါ်လိုသူတစ်ဉီးကပြောကြားခဲ့ပါသည်။

အရောင်းဝင်ငွေအများစုမှာ အစားအစာ(Food)နှင့် အဖျော်ယမကာ Beverage လုပ်ငန်းများမှ ဖြစ်ကြောင်း သိရှိရပါသည်။ ထိုင်းSMEs အများစု၏ ထုတ်ကုန်များမှာ လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များဖြစ်ကြောင်း၊ ၎င်းမှာ ထိုင်းနိုင်ငံ ထုတ်လုပ်မှုစွမ်းရည်၏ အဓိကအားသာချက်တစ်ခု ဖြစ်ကြောင်း သတင်းရပ်ကွက်က ပြောကြားခဲ့ပါသည်။ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ၏ တန်ဖိုးမှာ ဘတ်ငွေ(၁.၂)ထရီလီယံဝန်းကျင်ရှိပြီး GDP ၏ (၁၀%)ခန့်ရှိနေပါသည်။ ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ရေးကော်မရှင်မှရရှိသော အချက်အလက်များအပေါ် အခြေခံ၍ တွက်ချက်မှုအရ SMEs လုပ်ငန်းများ၏ စုစုပေါင်း GDP မှာ တစ်နှစ်လျှင်ပျှမ်းမျှ (၄.၂%) တိုးတက်လျက်ရှိ ကြောင်း သိရှိရပါသည်။

၂၀၁၈ခုနှစ်တွင်SMEsလုပ်ငန်းများ၏ စုစုပေါင်း စီးပွားရေးတန်ဖိုးမှာဘတ်ငွေ(၇) ထရီလီယံကျော်ရှိပြီး GDP ၏ (၄၃%)ရှိကြောင်းနှင့် ၎င်းမှာ အမျိုးသားဖွံ့ဖြိုးတိုးတက်မှုအတွက် အဆိုပါ SMEs လုပ်ငန်းများ၏ အရေးပါမှုကို ဖေါ်ပြနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News