International News

လာမည့်နှစ်များအတွင်း ထုတ်လုပ်မှုကဏ္ဍအပေါ် စင်ကာပူနိုင်ငံ၏ ဂျီဒီပီနှင့် အလုပ်အကိုင်ဝေစု ခန့်မှန်းချက်နှင့်စပ်လျဉ်း၍ မေးမြန်းချက်အပေါ် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး၏ လွှတ်တော်တွင် ဖြေကြားချက်

Last Updated:

လာမည့် ၁၀ နှစ်အတွင်း ထုတ်လုပ်မှုကဏ္ဍအပေါ် စင်ကာပူနိုင်ငံ၏ ဂျီဒီပီနှင့် အလုပ်အကိုင်ဝေစုခန့်မှန်းချက်နှင့်စပ်လျဉ်း၍ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဝန်ကြီးကို လွှတ်တော်တွင် မေးမြန်းခဲ့ပါသည်။

အဆိုပါမေးမြန်းချက်နှင့်စပ်လျဉ်း၍ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး Mr. Gan Kim Yong က ထုတ်လုပ်မှုကဏ္ဍသည် စင်ကာပူနိုင်ငံ ဂျီဒီပီ၏ ၂၂ ရာခိုင်နှုန်းခန့်၊ အလုပ်အကိုင်၏ ၁၃ ရာခိုင်နှုန်းခန့်ရှိမည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနအနေဖြင့် ဂျီဒီပီ ၂၀ ရာခိုင်နှုန်းခန့်ရရှိပြီး စင်ကာပူနိုင်ငံသားများအတွက် ထုတ်လုပ်မှုကဏ္ဍတွင် အလုပ်အကိုင်များ ဆက်လက်ဖြစ်ထွန်းရန် ရည်မှန်းထားကြောင်း ‌ဖြေကြားခဲ့ပါ သည်။

ရင်းမြစ်။        The Ministry of Trade and Industry, Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

 

Category: International News