International News

ရုရှား၏ ပဲနီလေးတင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင်  ၂.၄ ဆ တိုးလာခဲ့

Last Updated:

၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံမှ ပဲနီလေးတင်ပို့မှုသည် ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂.၄ ဆ တိုးတက်ခဲ့ပြီး တန်ချိန် ၂၉၇,ဝဝဝ ထိရောက်ရှိခဲ့ကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာနလက်အောက်ရှိ ဖက်ဒရယ်စင်တာ"Agroexport" ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

ပြီးခဲ့တဲ့နှစ်တွင် ရုရှားပြည်ပတင်ပို့သူများသည် ပဲနီလေးတန်ချိန် ၂၉၇,ဝဝဝ ကို ပြည်ပသို့ တင်ပို့ခဲ့ပြီး ၎င်းသည် ၂၀၂၂ ခုနှစ်၏ ပမာဏထက် ၂.၄ ဆ ပိုများကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တန်ဖိုးအားဖြင့် ဤထုတ်ကုန်တင်ပို့မှုသည် ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂.၄ ဆ တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၁၅ သန်းအထိ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်တွင်  ရုရှားနိုင်ငံ၏ ပဲနီလေးကို အဓိကဝယ်ယူခဲ့သည့် နိုင်ငံများမှာ တူကီယဲ၊ အိန္ဒိယနှင့် အီရန်တို့ဖြစ် ကြောင်း သိရှိရပါသည်။

Source :    https://tass.ru/ekonomika/20145469

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News