International News

ရုရှားနိုင်ငံ၏ GDP သည် ၃.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သမ္မတပူတင် ပြောကြား

Last Updated:

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP)တိုးတက်မှုသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ လမှ အောက်တိုဘာလအထိ ၁၀ လတာကာလအတွင်း ၃.၂ ရာခိုင်နှုန်းတိုးလာခဲ့ပြီး အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုမတိုင်မီကထက် ပိုမိုများပြားနေပြီဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် ယခုနှစ်ကုန်တွင် GDP သည် အနည်းဆုံး ၃.၅ ရာခိုင်နှုန်းတိုးလာမည်ဟု မျှော်လင့်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က VTB ဖိုရမ်တွင် ပြောကြားခဲ့ပါသည်။

ရုရှားသည် ဥရောပတွင် အကြီးဆုံးစီးပွားရေးဖြစ်ပြီး တိုးတက်မှုနှုန်းအရ ယခုအခါ ဥရောပသမဂ္ဂ(EU)၏ ထိပ်တန်းနိုင်ငံအားလုံးထက် ကျော်လွန်နေပြီဖြစ်ကြောင်း၊ ရုရှားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ကို မည်သူမျှရပ်တန့်ခြင်း၊ နှောင့်နှေးခြင်း မပြုလုပ်နိုင်ကြောင်း၊ စားသုံးသူဈေးကွက်တွင် ၎င်းတို့သည် ကန့်သတ်ထားသော ဝန်ဆောင်မှုများနှင့် တံဆိပ်များကို တဖြည်းဖြည်းစွန့်လွှတ်နေကြောင်း သမ္မတက ဖြည့်စွက်ပြောကြားသည်။

ရုရှား၏စက်မှုလုပ်ငန်းသည် ပြင်ပဖိအားကို ကောင်းမွန်စွာတုံ့ပြန်လျက်ရှိကြောင်း၊ စီးပွားရေးတည်ငြိမ်မှု၏ နောက်ထပ်အချက်တစ်ချက်မှာ အလုပ်လက်မဲ့နှုန်းလျော့ကျလာခြင်းဖြစ်ကြောင်း ရုရှားဝန်ကြီးချုပ် Mr. Mikhail Mishustin က အစောပိုင်းတွင် ပြောကြားခဲ့သည်။

Source :    https://tass.ru/ekonomika/19480741

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News