ပြည်တွင်းရောင်းလိုအား မြှင့်တင်ရန်နှင့် ဈေးနှုန်းတည်ငြိမ်စေရန်အတွက် အိန္ဒိယအစိုးရ၊ နိုင်ငံခြားကုန်သွယ်မှု အထွေထွေညွှန်ကြားမှုဦးစီး ဌာန(DGFT)က မတ်ပဲနှင့် ပဲစင်းငုံတို့ကို လွတ်လပ်စွာ တင်သွင်းခွင့်မူဝါဒကို ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးလိုက်သည်” ဟု ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
လက်ရှိတွင် အဆိုပါပဲမျိုးစုံအတွက် လွတ်လပ်စွာတင်သွင်းခွင့်မူဝါဒမှာ ၂၀၂၄ ခုနှစ် မတ်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း ယခုထုတ်ပြန်ချက်ကြောင့် ပဲစင်းငုံနှင့်မတ်ပဲတင်သွင်းမှုကို လွတ်လပ်စွာတင်သွင်းခွင့်ပြုသည့် ကုန်စည်အုပ်စုအနေဖြင့် ဆက်လက်ခွင့်ပြုခဲ့ခြင်းဖြစ်သဖြင့် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့လျက်ရှိသော ပဲစင်းငုံနှင့်မတ်ပဲများအတွက် ဈေးကွက်အခွင့်အလမ်းများဆက်လက်ရရှိနိုင်မည်ဖြစ်ပါကြောင်း သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။
Source : Notification No. 54/2023, Directorate General of Foreign Trade, Department of Commerce, 28th December, 2023
(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)