၂၀၂၆ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင်ကျင်းပမည့်ပြပွဲသည် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများနှင့်ပြည်တွင်းရင်းနှီးမြှုပ်နှံသူ ၅၈၀ မှ ၇၈၀ အပါအဝင်ကိုယ်စားလှယ် ၁၀၀၀ မှ ၁၂၀၀ ကို ဆွဲဆောင်နိုင်ရန်မျှော်မှန်းထားပါသည်။မြို့တော်၏အနာဂတ်ဖွံဖြိုးတိုးတက်မှုကို ပုံဖော်ပြသနိုင်ရန် တိုးတက်လာသော ဒီဂျစ်တယ်နည်းပညာများကိုအသုံးပြု၍ မြို့တော်အတွက် နောင်လာမည့်နှစ်(၁၀၀)အထိရည်မှန်းကာ ကြီးမားသောပြပွဲကြီးတစ်ခုအားဟနွိုင်းပြတိုက်၌ တင်ဆက်ပြသသွားမည်ဖြစ်ပါသည်။
ရင်းနှီးမြှုပ်နှံ့မှုမြှင့်တင်ရန်နှင့် ဟနွိုင်းမြို့တော်နှစ် ၁၀၀ မျှော်မှန်းချက်ပင်မစီမံကိန်း ၂၀၂၆ ကို ကြေညာသွားမည့် ကွန်ဖရန့်နှင့်စပ်လျဉ်း၍ ဇွန်လ ၂၅ ရက်နေ့တွင်ကျင်းပသော စာနယ်ဇင်းရှင်းလင်းပွဲအရ ပြတိုက် ၏အထပ်ပေါင်းစုံတွင် ပြပွဲကြီးကို ကျယ်ကျယ်ပြန့်ပြန့်ခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။ ပထမထပ်တွင် နောက်ဆုံးပေါ်အစီအစဉ်များဖြင့် နောက်ဆုံးရသတင်းအချက်အလက်များကိုဖော်ပြကာ စက်ဝိုင်းပုံလှည့်လည်နေသော(၇)မီတာအချင်းရှိသည့် စံပြပုံစံငယ်တစ်ခုကိုခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။ (၁၂၀၀)စတုရန်းမီတာကျယ်ဝန်း သောစတုတ္ထထပ်ကို “အထူးအတွေ့အကြုံရရှိစေမည့်နေရာ”တစ်နေရာအဖြစ်လည်း ပုံဖော်ပြသသွားမည်ဖြစ်ပါသည်။ ထို့ပြင် ဟနွိုင်းမြို့ သမိုင်း ကြောင်းအရ ဖွံ့ဖြိုးတိုးတက်လာမှုကို အသေးစိတ်ဖော်ပြကာ မြို့တော် ၏နည်းပညာဆိုင်ရာ အခြေခံအဆောက်အဦများကို အမြင်တင့်တယ်စွာပုံဖော်ထားသော 3D Model ဖြင့်လည်း တက်ရောက်လာသောဧည့်သည်တော်များက ရှု့မြင်နိုင်မည်ဖြစ်ပါသည်။ ဧည့်သည်တော်များအနေဖြင့် 3D မှတ်တမ်းရုပ်သံများ၊ မြို့ပြအစီအစဉ်သတင်းအချက်အလက်များကိုလည်း ကြည့်ရှု့ခံစားနိုင်မည်ဖြစ်ပါသည်။
ပင်မစီမံကိန်းတွင်သဘာဝမြေဧရိယာ ၃၃၅၉ စတုရန်းကီလိုမီတာကျော်ပါဝင်ပါသည်။ သဘာဝနှင့်လိုက်လျောညီထွေဖြစ်စေမည့် ယဉ်ကျေးမှုဆိုင်ရာအခင်းအကျင်းကိုဗဟိုပြု၍ မြစ်နီမြစ်ကို အသုံးချကာ အထပ်စုံ၊ အလွှာစုံ၊ စင်တာပေါင်းစုံထည့်သွင်းထားသောပုံစံကို အခြေပြုထားသည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံကိုချမှတ်ဆောင်ရွက်ထားပါသည်။ ၂၀၄၅ ခုနှစ်တွင် ဟနွိုင်းမြို့သည် ဒေသဆိုင်ရာ စုစုပေါင်းပြည်တွင်းထုတ်ကုန်အမေရိကန်ဒေါ်လာ ၆၄၀ ဘီလီယံရရှိရန်မျှော်မှန်းလျက် လူနေမှုအဆင့်အတန်းမြင့်မားသည့်ကမ္ဘာ့မြို့တော်တစ်မြို့အဖြစ်သို့ အသွင်ကူးပြောင်းရန်ရည်မှန်းထားပါသည်။ကာဗွန်ထုတ်လွှတ်မှုလုံးဝမရှိသည့် “Zero Emission” ကိုကတိကဝတ်ပြုလျက် သယ်ယူပို့ဆောင်ရေးအခြေပြုမြို့ပြဖွံ့ဖြိုး တိုးတက်မှု(TOD)နှင့်ပေါင်းစပ်ပြီး ဖြစ်ပေါ်လာမည့်ပြဿနာများကိုဖြေရှင့်ပေးနိုင်မည့်အုပ်စု(၁၁)စုကို လည်းဖွဲ့စည်းထားပြီးဖြစ်ပါသည်။ ဇွန်လ ၂၉ ရက်နေ့တွင်ကျင်းပမည့်ပြပွဲကြီးသည် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံ့မှု ၅၈၀ နှင့် ၇၈၀ ကြား၊ ကိုယ်စားလှယ် ၁၀၀၀ မှ ၁၂၀၀ ကိုဆွဲဆောင်နိုင်ရန် မျှော်မှန်းထားပါသည်။
ထိုပြပွဲတွင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများအတွက် 360 degree ဒီဂျစ်တယ်အချက်အလက်စီမံခန့်ခွဲမှုစနစ်တစ်ရပ်ကို ပွဲဦးထွက်အနေဖြင့် ချပြသွားမည်ဖြစ်ပါသည်။ထိုစနစ်တွင် ပြည်တွင်းထုတ်ကုန်များနှင့် အလားအလာရှိသောထုတ်ကုန်များကို ရင်းနှီးမြှုပ်နှံခြင်းအပေါ် နားလည်ရလွယ်သော ရှု့မြင်သုံးသပ်မှုတစ်ရပ်ကိုပါထည့်သွင်းထားပြီး ဒစ်ဂျစ်တယ်ဇုံများလည်းပါဝင်မည်ဖြစ်ပါသည်။ပြပွဲအစီအစဉ်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် ကမ္ဘာ့ အဓိကကော်ပိုရေးရှင်းများနှင့် များစွာသောနားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးကြမည်ဖြစ်ပြီး အဓိကစီမံကိန်းများအတွက် ရင်းနှီး မြှုပ်နှံမှုမူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် ရင်းနှီးမြှုပ်နှံမှုမှတ်ပုံတင်ခွင့်ပြုခြင်းဆိုင်ရာအထောက်အထားများကိုလည်း ခွင့်ပြုပေးသွားမည်ဖြစ်ပါသည်။
Source:https://en.vneconomy.vn/hanoi-unveils-100-year-master-plan-through-digital exhibition.htm
(သန္တာစိုးရီ၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)