International News

တရုတ်နှင့် အိန္ဒိယတို့သည် ရုရှားနိုင်ငံ၊ Primorye ဒေသ(အရှေ့ဖျားဒေသ)သို့ အသားတင်ပို့မှု လေးဆမြှင့်တက်

Last Updated:

တရုတ်နှင့် အိန္ဒိယတို့သည် ၂၀၂၃ ခုနှစ်အစပိုင်းမှစပြီး Primorye ဒေသသို့ အသားတင်ပို့မှု ပျမ်းမျှလေးဆတိုးလာခဲ့ပြီး တန်ချိန် ၃၂၁၄ နှင့် ၂၃၁၁ အသီးသီးရှိကြောင်း တိရစ္ဆာန်နှင့် အပင်ပိုးမွှားရောဂါကင်းရှင်းရေးကြီးကြပ်ကွပ်ကဲမှုဌာန(Rosselkhoznadzor) မှ Primorsky ဒေသဆိုင်ရာဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ အသားတင်သွင်းမှု သိသိသာသာမြင့်တက်လာခဲ့ပြီး စုစုပေါင်းအလေးချိန် ၃၂၁၄ တန်ရှိကြောင်း (၂၀၂၂ ခုနှစ်တွင် အသားတင်သွင်းမှုအလေးချိန် ၇၅၇ တန်)၊ အိန္ဒိယမှလည်း အသားတင်သွင်းမှုသိသိသာသာမြင့်တက်ခဲ့ပြီး စုစုပေါင်အလေးချိန် ၂၃၁၁ တန်ရှိကြောင်း (၂၀၂၂ ခုနှစ်တွင် အသားတင်သွင်းမှုအလေးချိန် ၅၃၁ တန်) ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

တစ်ချိန်တည်းမှာပင် Primorye ဒေသသို့ အသားတင်ပို့မှုတွင် ဘရာဇီးလ်သည် နိုင်ငံများတွင် ဦးဆောင်နေဆဲဖြစ်ပြီး ကိုလံဘီယာ၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ပါရာဂွေး၊ ဘိုလီးဗီးယား၊ ဩစတေးလျနှင့် ဂျပန်တို့မှ အသားထုတ်ကုန်များလည်း တင်သွင်းလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်စကတည်းက Primorye ဒေသသည် အသားတန်ချိန် ၂၂၁၀၀၀ တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။

Source : https://ria.ru/20231004/myaso-1900320035.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News