International News

ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုတန်ဖိုးသည် အောက်တိုလလယ်တွင် အမေရိကန်ဒေါ်လာ ၇၀၀ ဘီလီယံကျော်ရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အတွင်း စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုတန်ဖိုးသည် အောက်တိုဘာ ၁၅ ရက်အထိ အမေရိကန်ဒေါ်လာ ၇၁၈.၈၅ ဘီလီယံအထိရောက်ရှိခဲ့ပြီး ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁၇.၁၄ ဘီလီယံရှိကြောင်း ဗီယက်နမ်အကောက်ခွန်ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

စုစုပေါင်းပို့ကုန်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၃၆၈.၁၃ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၆.၁၄ ရာခိုင်နှုန်းတိုးမြင့်လာသည်။ အောက်တို ဘာပထမလဝက်တွင် ပို့ကုန်တန်ဖိုး ၁၉.၃၄ ဘီလီယံရှိခဲ့သည်။ အဓိကကုန်စည်အုပ်စု ၄ ခုသည် ပို့ကုန်တန်ဖိုး ၁ ဘီလီယံကျော်ရှိကြောင်းဖော်ပြထားပါသည်။ ကွန်ပျူတာများ၊ အီလက်ထရောနစ်ထုတ်ကုန်များနှင့် အစိတ်အပိုင်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄.၃၉ ဘီလီယံ၊ စက်ယန္တရား၊ စက်ကိရိယာများနှင့်အပိုပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂.၄၂ ဘီလီယံ၊ တယ်လီဖုန်းများနှင့် အစိတ်အပိုင်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံ၊ အထည်အလိပ်နှင့် အဝတ်အထည်များတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၄၉ ဘီလီယံရရှိကြောင်း ဖော်ပြထားပါသည်။

သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၅၀.၇၂ ဘီလီယံရှိပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၈.၆၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

လက်ရှိတိုးတက်မှုအရှိန်အဟုန်အတိုင်း ဆက်လက်တိုးတက်နေပါက ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၉၀၀ ဘီလီယံကျော်ရှိလာနိုင်ကြောင်း ဗီယက်နမ်အကောက်ခွန်ဌာနက ခန့်မှန်းထားကြောင်း ဖော်ပြပါရှိပါသည်။

Source: VN Economy

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News