ဆန်တင်သွင်းခြင်းဆိုင်ရာ အခွန်နှုန်းထားပြန်လည်ညှိနှိုင်းခြင်းသည် စားသုံးသူများအပေါ်သက်ရောက်မှု တောင်သူများအပေါ်အကာအကွယ် ပေးရန်နှင့် ငွေကြေးဖောင်းပွမှုနှုန်းတို့အကြား မျှခြေဖြစ်စေရန် နည်းလမ်းများရှာဖွေလျက်ရှိကြောင်း ဖိလစ်ပိုင်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ၂၀-၁၀-၂၀၂၅ ရက်နေ့က ပြောကြားခဲ့ပါသည်။ ကော်မတီအနေဖြင့် လက်ရှိဆန်တင်သွင်းမှုအပေါ် ကောက်ခံလျက်ရှိသည့်အခွန် ၁၅% အပေါ်ပြင်ဆင်သတ်မှတ်ရေး သက်ဆိုင်ရာဌာနအဖွဲ့များ၏ အကြံ ပြုတင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးလျက်ရှိကြောင်း ဖော်ပြပါရှိပါသည်။
ကော်မတီအစည်းအဝေးသို့ စီးပွားရေးဆိုင်ရာ မူဝါဒများ၊ အကြံပြုတင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးနိုင်စေရေး စီးပွားရေးပညာရှင်များကိုလည်း ဖိတ်ကြားခဲ့ပါကြောင်း၊ ပါဝင်တက်ရောက်ဆွေးနွေးသူများထဲတွင် ဖိလစ်ပိုင်ဘဏ္ဍာရေးဝန်ကြီး၊ သမ္မတ၏ ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးဆိုင်ရာ အထူးအကြံပေးပုဂ္ဂုလ်တို့လည်းပါဝင်ကြောင်း ဖော်ပြထားပါ သည်။ ဆန်တင်သွင်းမှုကို ၂၀၂၅ ခုနှစ်၊ နှစ်ကုန်အထိ ယာယီရပ်ဆိုင်းထားပြီး အခွန်နှုန်းထားမှာမူ ၁၅% ပင် ဆက်လက်ထားရှိထားကြောင်း စိုက်ပျိုးရေးဝန်ကြီးမှ ပြောကြားခဲ့ပါသည်။ အဆိုပါ ၁၅% သည် သမ္မတရုံး၏အမိန့်ကြော်ငြာစာအမှတ် ၆၂ ဖြင့် ၃၅% မှ လျှော့ချပေးခဲ့ခြင်းဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှုန်းအား ထိန်းချုပ်နိုင်ရန်ရည်ရွယ်ပါသည်။
ဖိလစ်ပိုင်အကောက်ခွန်ဦးစီးဌာန၏ ပြောကြားချက်အရဆန်တင်သွင်းမှုအား မူလက သတ်မှတ်ထားသည့် ရက်ပေါင်း ၆၀ ယာယီရပ်ဆိုင်းခြင်းကြောင့် အစိုးရဘဏ္ဍာဝင်ငွေ ပီဆို ၁၂ ဘီလီယံခန့်ထိ လျော့နည်းသွားပါကြောင်းသိရှိရပါသည်။ ဖိလစ်ပိုင်တီထွင်ဖန်တီးမှုဥပဒေ(Philippines Innovation Act)အကောင်အထည်ဖော်မှုဆိုင်ရာ ၂၀၂၄ ခုနှစ်၊ လုပ်ငန်းအစီရင်ခံစာပါဖော်ပြချက်များအရ ဖိလစ်ပိုင်နိုင်ငံ၏ တီထွင်ဖန်တီးမှုဆိုင်ရာပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များသည် ခိုင်မာအားကောင်းလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း ဖော်ပြပါရှိပါသည်။
https://customs.gov.ph/wp-content/uploads/2024/07/20240620-EO-62-FRM.pdf
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)