အစိုးရ၏ကုန်သွယ်ရေးနှင့် ဈေးကွက်ရှာဖွေရေးအေဂျင်စီတစ်ခုဖြစ်သည့် Planters Products, Inc(PPI)မှ ဩဂဲနစ်အမျိုးအစားမဟုတ်သော ဓာတ်မြေဩဇာအိတ်ပေါင်း ၁၂၀,၀၀၀ ကို ဗီယက်နမ်နိုင်ငံမှ တင်သွင်းခဲ့ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။ PPI သည် ၁၉၇၀ ဆယ်စုနှစ်များထဲမှ ဖိလစ်ပိုင်ဈေးကွက်တွင်းသို့ ဓာတ် မြေဩဇာ ၇၀ % ခန့်ထိရောင်းချပေးနေသည့်အဖွဲ့အစည်းဖြစ်ပြီး ၄၃ နှစ် တာကာလအတွင်း ဓာတ်မြေဩဇာပထမဆုံးအကြိမ်တင်သွင်းခြင်းဖြစ်ပါ သည်။ ယခုတင်သွင်းသည့် ဓာတ်မြေဩဇာသင်္ဘောတင်ရောက်ရှိမှုမှ ဈေးကွက်တွင်း အရည်အသွေးကောင်းမွန်ပြီး အသုံးဝင်သည့်ဓာတ်မြေ ဩဇာများကို ဖြန့်ချိပေးနိုင်မည်ဖြစ်ပြီး တိုင်းပြည်၏ စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များအထွက်နှုန်းတိုးမြင့်စေရန် အထောက်အပံ့ပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ကုန်ကျမှုအား လျှော့ချနိုင်မည်ဖြစ်ပြီး စိုက်ဧကတစ်ဟက်တာလျှင် ၆ အိတ်ဖြင့် စုစုပေါင်းစိုက်ပျိုးမြေဟက်တာ ၂၀,၀၀၀ အတွက် ကနဦးအထောက်အပံ့ပေးနိုင်မည်ဖြစ် ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးမှ ပြောကြားခဲ့ပါသည်။ ယခုတင်သွင်းသည့် ဓာတ်မြေဩဇာတွင် နိုင်ထရိုဂျင်၊ ဖော့စဖရက်စ်၊ ပိုတက်စီယမ်ဓာတ်များပါဝင်ပြီး အပင်၏အရွက်နှင့် အမြစ်ကြီးထွားမှု၊ သီးနှံဖျက်ပိုးမွှားအန္တရာယ်တို့ကိုလည်း အကာအကွယ်ပေးနိုင်ကြောင်း ဖော်ပြပါရှိပါ သည်။
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)