ထိုင်းနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်အမှတ် G 308/62 ဖြင့် မှတ်ပုံတင်ထားပြီး ဖော်မြူလာ ၂ ဖြင့် ထုတ်လုပ်ထားသည့် လူကြိုက်များသော Hong Thai တံဆိပ်တိုင်းရင်းရှူဆေးတစ်မျိုးကို ကျပန်းစစ်ဆေးမှုဆောင်ရွက်လိုက်ရာ သေးငယ်သောဇီဝသက်ရှိများပါဝင်နေကြောင်း တွေ့ရှိသောကြောင့် ဝယ်ယူသည့်အခါ သတိထားသင့်ကြောင်း ထိုင်းနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သတိပေးထုတ်ပြန်ခဲ့ပါသည်။
Hong Thai Panich ဆေးဖက်ဝင်အပင်ဖြင့် ထုတ်လုပ်သည့် လုပ်ငန်းခွင်မှ ဆေးနမူနာများကို စုဆောင်းပြီးနောက် ဆေးဘက်ဆိုင်ရာသိပ္ပံဦးစီး ဌာနဓာတ်ခွဲခန်း၌ စစ်ဆေးကြည့်ရာတွင် သေးငယ်သော ဇီဝသက်ရှိများပါဝင်နေသည်ဟု တွေ့ရှိရပါကြောင်း၊ ထုတ်ကုန်ထုတ်လုပ်မှုအမှတ်စဉ် 000332၊ ထုတ်လုပ်သည့် ရက်စွဲ၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နှင့် သက်တမ်းကုန်ဆုံးမည့် ရက်စွဲ၊ ၂၀၂၇ ခုနှစ် ဒီဇင်ဘာလ ၈ ရက်ဖြစ် ကြောင်း၊ ဆေးဖက်ဝင်အပင်ဖြင့် ထုတ်လုပ်ထားသည့် ထုတ်ကုန်သည် စံနှုန်းကို မပြည့်မီပါကြောင်း၊ အဏုဇီဝညစ်ညမ်းမှုစမ်းသပ်သည့်အရာများတွင် စုစုပေါင်း Aerobic Microbial ရေတွက်မှု၊ Combined တစေးစုစုပေါင်းနှင့်မှိုအရေအတွက်တို့သည့် Clostridium spp တို့ဖြစ်ကြောင်း၊ မှတ်ပုံတင်ထားသော ဆေးဖက်ဝင်အပင်များ ဖော်မြူလာများ၏ အရည် အသွေးအတွက် အရေးကြီးသော စံချိန်စံညွှန်များ၊ သန့်စင်မှုတန်ဖိုးများ သို့မဟုတ် အခြားသောဝိသေသလက္ခဏာများဆိုင်ရာကို ပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာန၏ ကြေညာချက်များတွင် သိရှိနိုင်ကြောင်း သိရှိရပါသည်။
အဆိုပါထုတ်ကုန်သည် ပုဒ်မ၆၀(၂)အရ အရည်အသွေးမမီသောဆေးဖက်ဝင်အပင်ထုတ်ကုန်များဖြစ်ကြောင်း၊ အရည်အသွေးမမီသော ဆေးဖက်ဝင်အပင်များ ထုတ်လုပ်သူမည်သူမဆို ပုဒ်မ ၅၈ (၂) ကို ဆန့်ကျင်သဖြင့် ယင်းကဲ့သို့ဖောက်ဖျက်ကျူးလွန်သူကို ၂ နှစ်ထက်မပို သော ထောင်ဒဏ်နှင့် ပုဒ်မ ၁၀၃ အရ ဘတ်ငွေ ၂ သိန်းထက်မပိုသော ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ အရည်အသွေးမမီသော ဆေးဖက်ဝင်အပင်ထုတ်ကုန်များရောင်းချသူ မည်သူမဆို ပုဒ်မ ၅၄၈ (၂) ကို ဖောက်ဖျက်သဖြင့် (၆)လထက်မပိုသော ထောင်ဒဏ် သို့မဟုတ် ဘတ် ၅ သောင်းထက်မပိုသော ငွေဒဏ် သို့မဟုတ် ဒဏ်(၂)ရပ်လုံးကို ပုဒ်မ ၁၀၉ အရ ကျခံရမည်ဖြစ်ကြောင်း သိရှိရပါသည်။
ထို့ကြောင့် အထက်ဖော်ပြပါ ဆေးဖက်ဝင်အပင် ထုတ်ကုန်များဝယ်ယူသုံးစွဲရာတွင် သတိထားနိုင်ရန် သတိပေးလိုပါကြောင်း၊ အဆိုပါပြစ်မှုကျူးလွန်သူများကို ဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ Hong Thai Herbal Inhaler တွင် ဖော်မြူလာ ၄ မျိုးရှိရာ သေးငယ်သော သက်ရှိတွေ့ရှိသည့် ဖော်မြူလာမှ ၂ ဖြစ်ပြီး ကျန်ဖော်မြူလာဖြင့် ထုတ်လုပ်မှုများတွင် မတွေ့ရှိကြောင်း သိရှိရပါသည်။
Source: https://www.thaipbs.or.th/news/content/357999
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)