အာတိတ်ဒေသတွင် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကိုကာကွယ်ရန် စစ်ရေးနှင့် နိုင်ငံရေးအပါအဝင် လိုအပ်သည့်အစီအမံအားလုံးကို ရုရှားကဆောင်ရွက်ရန် အသင့်ရှိကြောင်း Ottawa ဆိုင်ရာ ရုရှားသံအမတ် Oleg Stepanov က ပြောကြားခဲ့သည်။
အနောက်နိုင်ငံများ၏ အာတိတ်ဒေသကို စစ်အင်အားသုံးရန်သဘောထားသည် ဒေသတွင်း တည်ငြိမ်ရေးချိန်ခွင် လျှာကို ပျက်ပြားစေကြောင်း ၎င်းကအလေးအနက်ပြောကြားခဲ့သည်။
အနောက်နိုင်ငံများ၏ မကြာသေးမီကလှုပ်ရှားမှုများကြောင့် ကနေဒါသည် မြောက်ဘက်ရှိ စစ်အခြေစိုက်စခန်းများ(Yellowknife၊ Inuvik၊ Iqaluit နှင့် Labrador ဒေသ)တွင် ခေတ်မီရန် ဒေါ်လာ ၂၅ ဘီလီယံခွဲဝေပေးရန် ကနေဒါက စီစဉ်နေကြောင်း Izvestia က ဖော်ပြသည်။ ယူနိုက်တက်ကင်းဒမ်းသည် ၂၀၂၉ ခုနှစ်တွင် ရုရှားနှင့် ပဋိပက္ခဖြစ်ရန် ကြိုတင်ပြင်ဆင်ရန်အတွက် Nordic ရေတပ်မဟာမိတ် အဖွဲ့ကို ထူထောင်ကြောင်းကြေညာခဲ့သည်(ဗြိတိသျှရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sir Gwyn Jenkins ၏အဆိုအရ)။
ကနေဒါ၏ဘတ်ဂျက်အပေါ် တင်းမာမှုများကြောင့် ကြီးမားသော စစ်ရေးပရောဂျက်များအတွက် ရန်ပုံငွေများကို အစိုးရကမည်သည့်နေရာတွင်ရှာဖွေမည်ကို မရှင်းလင်း သေးကြောင်း Oleg Stepanov မှ မှတ်ချက်ပြုခဲ့သည်။ အာတိတ်ကောင်စီ၏ အနောက်အုပ်စုအဖွဲ့ဝင်များသည် တင်းမာမှုများတိုးလာပါက ၎င်းတို့၏လုံခြုံရေးကို အဓိကထိခိုက်စေမည်ဖြစ်ကြောင်း သံအမတ်ကြီးက အလေးပေးပြောကြားခဲ့သည်။
Source: https://www.angi.ru
(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)