International News

ထိုင်းနိုင်ငံ၌ ကြက်ဥခြံထွက်ဈေးနှုန်းမြင့်တက်ခဲ့

Last Updated:

ထိုင်းနိုင်ငံ၌ ကြက်ဥခြံထွက်ဈေးနှုန်း တစ်ဥလျှင် ဘတ် ၃.၂၀ မှ ၃.၄၀ ဘတ်သို့ ဈေးနှုန်းမြင့်တက်သွားကြောင်း သိရှိရပါသည်။

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ဖိအားဖြစ်စေသော စျေးနှုန်းများ နိမ့်ကျခြင်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များမြင့်တက်လာခြင်းအပါအဝင် အချက်များစွာကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ် ကြောင်း၊ မြင့်မားသော အပူချိန်သည် ဥဥသည့်ကြက်မများနှင့် ဥထွက်ရှိမှုကို ထိခိုက်စေပြီး စျေးကွက်တွင် ရောင်းလိုအားလျော့ကျလာကြောင်း၊ သို့သော်လည်း အရှေ့အလယ်ပိုင်းဒေသပဋိပက္ခများအပြီး လူနေမှုစရိတ်အတွက်စိုးရိမ်မှုများကြားတွင် စားသုံးသူအချို့က ဈေးနှုန်းတတ်နိုင်သော ပရိုတင်းအရင်းအမြစ်အဖြစ် ကြက်ဥများအဖြစ် ပြောင်းလဲလာခြင်းကြောင့် ဝယ်လိုအားမြင့်တက်လာခြင်းဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်နှင့် ကုန်စည်ဈေးနှုန်းများလွှမ်းမိုးနိုင်သည့် ရာသီဥတုအခြေ အနေနှင့် အစားအသောက်စရိတ်များပေါ်တွင် အဓိကမူတည်မည်ဖြစ် ကြောင်း Kings Eggs (Thailand) Co ၏ CEO ဖြစ်သူ Chanuwat Siwamok က ပြောကြားခဲ့ပါသည်။

Source:  https://www.bangkokpost.com/business/general/3218335/new-gas-shipment-heading-to-thailand

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News