International News

သမ္မတထရမ့်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း လယ်ယာထွက်ကုန်အချို့အပေါ် အကောက်ခွန်လျှော့ချရန် သဘောတူညီမှုရရှိ

Last Updated:

တရုတ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံအကြား လယ်ယာထွက်ကုန်အချို့အပေါ် အကောက်ခွန်လျှော့ချရန် ကနဦးသဘောတူညီမှုရရှိခဲ့ပြီး သဘောတူညီခဲ့သည့် လယ်ယာထွက်ကုန်များနှင့် လေယာဉ်ဆိုင်ရာစာချုပ်များကို သမ္မတထရမ့်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း အတည်ပြုနိုင်ခဲ့ကြောင်း သိရှိရပါသည်။

ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုတွင် လယ်ယာထွက်ကုန်အချို့အပေါ် အကောက်ခွန်လျှော့ချရေးညှိနှိုင်းမှုများအပြင် အကောက်ခွန်မဟုတ်သော အတားအဆီးများ၊ ဈေးကွက်ဝင်ရောက်နိုင်ရေးဆွေးနွေးမှုများလည်း ညှိနှိုင်းဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။ ထို့ပြင် လေကြောင်းကဏ္ဍတွင် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံမှ လေယာဉ်ဝယ်ယူမှုနှင့် အမေရိကန်ဘက်မှ လေယာဉ်အင်ဂျင်များနှင့် ဆက်စပ်ပစ္စည်းများကို အာမခံပေးရန်စသည့် အစီအစဉ်များလည်း သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံအနေနှင့် အမေရိကန်နိုင်ငံမှ တစ်နှစ်လျှင် အနည်းဆုံးလယ်ယာထွက်ကုန် အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံဖိုးဝယ်ယူသွားရန် သဘောတူညီခဲ့ကြကြောင်း၊ အဆိုပါသဘောတူညီချက်သည် အမေရိကန်နိုင်ငံ၏လစာမြင့်အလုပ်အကိုင်များကို ပိုမိုဖန်တီးပေးနိုင်ပြီး အမေရိကန်ကုန်စည်များအတွက်ဈေးကွက်သစ်များရရှိစေကြောင်း အမေရိကန် နိုင်ငံဘက်မှ ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

Source: https://www.politico.eu/article/china-says-agreement-reached-with-us-to-lower-some-tariffs-trump-xi-beijing/

https://thehill.com/business/5882365-china-us-trade-agreement/

(ခင်မြမြထွေး၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News