ထိုင်းနိုင်ငံ၊ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနသည် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး ထိုင်းကျွဲကောနှင့် သရက်သီးမျိုးစိတ်အားလုံးကို ဂျပန်နိုင်ငံသို့ တင်ပို့နိုင်ရေး မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း NBT World သတင်းတွင်ဖော်ပြထားပါသည်။
စိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Winarot Sapsongsuk သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ Mie စီရင်စုဒုတိယအုပ်ချုပ်ရေးမှူး Yukitoshi Noro နှင့်တွေ့ဆုံခဲ့ပြီး ဂျပန်နိုင်ငံ၏ အဓိကစိုက်ပျိုးရေးနှင့် အစားအစာထုတ်လုပ်ရာဒေသဖြစ်သည့် Mie စီရင်စုနှင့် ဆက်ဆံရေးခိုင်မာစေရန် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း၊ ဂျပန်-ထိုင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(JTEPA)နှင့် ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး(CSP) ကဲ့သို့သောရှိရင်းစွဲအမျိုးသားမူဘောင်များနှင့် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေး မှုနှင့် ကုန်သွယ်မှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကျယ်ပြန့်လာစေရန် စီရင်စုအဆင့်ပူးပေါင်းဆောင်ရွက်မှုကို အလေးပေးပြောကြားခဲ့ပါသည်။
Mie ၏ဒုတိယအုပ်ချုပ်ရေးမှူးက ဂျပန်သို့ သစ်သီးများတင်ပို့ရောင်းချခြင်းအတွက် စျေးကွက်ချဲ့ထွင်ရန်အပြုသဘောဆောင်သောနည်းလမ်းအဖြစ် ဝန်ကြီးဌာနက ယူဆထားသည့် သစ်သီးဖလှယ်ရေးအစီအစဉ်ကို အဆိုပြုခဲ့ကြောင်း၊ သက်ဆိုင်ရာဌာနများမှ နည်းပညာပိုင်းဆိုင်ရာနှင့် လုပ်ငန်းဆောင်ရွက်မှုအသေးစိတ်အချက်အလက်များကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊လယ်ယာထွက်ကုန်များမြှင့်တင်ရန်နှင့် နယ်စပ်ကုန်သွယ်ရေးလွယ်ကူချောမွေ့စေရန် နှစ်ဖက်စလုံးက အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပြီး၊ Mie မှ လိမ္မော်သီး၊ ထိုင်းကျွဲကောနှင့် သရက်သီးမျိုးစိတ်အားလုံးတို့ကို အဓိကထားဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း၊ ထိုင်းကျွဲကောနှင့် သရက်သီးများကို အနာဂတ်တွင် ဂျပန်ဈေးကွက်သို့ ပို့ဆောင်နိုင်ရန် အမျိုးသားအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း Mie စီရင်စုမှ ထုတ်ဖော်ပြောကြားခဲ့ပါသည်။
Source: NBTWorld
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)