အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် အပြန်အလှန်အခွန်အကောက်များချမှတ်ပါက ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်နှင့် အဓိကစားသုံးသူဈေးကွက်များတွင် အရေးပါသူများဖြစ်သောကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို ပြင်းထန်စွာ အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ပြောကြားခဲ့ကြောင်းဗန်ကောက်ပို့စ်သတင်းစာတွင် “US-EU trade war fears grow amid tariff threat” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။
ဂရင်းလန်းကို ထိန်းချုပ်ရန် ၎င်း၏တောင်းဆိုချက်များကို ဆန့်ကျင်သည့်ဥရောပမဟာမိတ် (၈)နိုင်ငံအပေါ် ၂၅ ရာခိုင်နှုန်းအထိ အခွန် ကောက်ခံမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြီးနောက် တင်းမာမှုများမြင့်တက်လာခဲ့ကြောင်း၊ယူကေ၊ဒိန်းမတ်၊နော်ဝေး၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နှင့် ဖင်လန်နိုင်ငံတို့မှ တင်သွင်းသောကုန်ပစ္စည်းများအပေါ် ၁၀ ရာခိုင်နှုန်းအခွန်ကောက်ခံမည်ဟုထရမ့်က ပြောကြားခဲ့ကြောင်း၊ဒိန်းမတ်နိုင်ငံသည် ဇွန်လ ၁ ရက်နေ့တွင် ဂရင်းလန်းကျွန်းကို အမေရိကန်သို့ ရောင်းချရန်သဘောမတူပါက ဇွန်လတွင် အခွန်များကို ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် ထရမ့်က ခြိမ်းခြောက်ထားသည့်အတိုင်း အခွန်များကောက်ခံပါက ဥရောပသမဂ္ဂသည် အမေရိကန်ဒေါ်လာ ၉၃ ဘီလီယံတန်ဖိုးရှိ အမေရိကန်ကုန်ပစ္စည်းများအပေါ် လက်စားချေအခွန်များကောက်ခံရန်စဉ်းစားနေကြောင်း၊ ဥရောပသမဂ္ဂသည် အမေရိကန် ၏စီးပွားရေးအကျိုးကျေးဇူးများရရှိမှုကို ပိတ်ဆို့စေနိုင်မည့် "Trade Bazooka" ဟုလည်း လူသိများသော ၎င်း၏အတင်းအကျပ်စေခိုင်းမှု ဆန့်ကျင်ရေးကိရိယာကိုလည်း စဉ်းစားနေကြောင်း Intelligence Research Consultant ၏စီးပွားရေးခွဲခြမ်းစိတ်ဖြာသူ Aat Pisan-wanich က ပြောကြား ခဲ့သည်။
ယင်းကြီးမားသော ဈေးကွက်နှစ်ခုစလုံးသည် အပြန်အလှန်ကုန်သွယ် ရေးအတားအဆီးများချမှတ်ပါက ကမ္ဘာ့ဈေးကွက်ကို သိသိသာသာထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂသည် အမေရိကန်သို့ ကုန်ပစ္စည်းများတင်ပို့ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ ဥရောပသမဂ္ဂကို ထိုင်းနိုင်ငံ၏ တင်ပို့မှုများကိုလည်း ထိခိုက်လိမ့်မည်ဖြစ် ကြောင်း၊ ဥရောပသမဂ္ဂသည် ၎င်း၏ ကုန်ပစ္စည်းများကို ကမ္ဘာတစ်ဝှမ်းရှိ တခြားဈေးကွက်များဆီ ပြန်လည်တင်ပို့လာနိုင်ပါကြောင်း၊ အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေးပဋိပက္ခအပြီးတွင် တရုတ်ကုန်စည်များ ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်လာမှုကို ထောက်ပြလိုပါကြောင်း၊ အလားတူပင် အမေရိကန်နှင့်ဥရောပသမဂ္ဂအကြား ပေါ်ပေါက်လာသော ဤပဋိပက္ခသည် တရုတ်၊ အမေရိကန်နှင့် ဥရောပထုတ်ကုန်များအကြား ကုန်သွယ်ရေးအတားအဆီးများပေါ်ပေါက်လာသည်နှင့်အမျှ ကမ္ဘာ့ဈေးကွက်သို့ တရုတ်၊ အမေရိကန်နှင့် ဥရောပထုတ်ကုန်များပိုမိုဝင်ရောက်လာနိုင်ကြောင်း၊ ဥရောပသမဂ္ဂ၏ ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်တွင်ပါဝင်သော ထိုင်းကုန်ပစ္စည်းများဖြစ်သည့် မော်တော် ကားအစိတ်အပိုင်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် ရော်ဘာများသည် ယင်းကဲ့သို့တင်းမာမှုကြောင့် ဆိုးကျိုးသက်ရောက်လိမ့်မည်ဖြစ်ကြောင်း ၎င်းက သုံးသပ်ထားပါသည်။
တစ်ချိန်တည်းမှာပင် ဥရောပသမဂ္ဂတွင် ဝယ်ယူနိုင်စွမ်းလျော့ကျလာခြင်းကြောင့် ထိုင်းသစ်သီး၊ ဆန်နှင့် ပင်လယ်စာတင်ပို့မှု လျော့ကျလာဖွယ်ရှိကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ညှိနှိုင်းမှုများကို အရှိန်မြှင့်တင်ပြီး ဥရောပသမဂ္ဂနှင့် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ကို အပြီး သတ်သင့်ပါကြောင်း၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားပါဝင်သော Asean+3 ကဲ့သို့သောအုပ်စုများမှတစ်ဆင့် ဥရောပသမဂ္ဂကုန်သွယ်ရေးသဘောတူညီချက်များကို ဖော်ဆောင်ရန် ထိုင်းနိုင်ငံအတွက်လည်း အကျိုးရှိနိုင်ပါကြောင်း Mr. Aat က သုံးသပ်အကြံပြုထားပါသည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂပဋိပက္ခမှ နှစ်ဖက်စလုံးက ကုန်သွယ်မှုရပ်တန့်သွားသည်အထိ အခြေအနေများဆိုးရွားလာပါက ထိုင်းနိုင်ငံအနေဖြင့် အကျိုးအမြတ်ရရှိနိုင်ခြေရှိနေပါကြောင်း၊ ယင်းကဲ့သို့သောတင်းမာမှုသည် အမေရိကန်နှင့် NATO မဟာမိတ်အဖွဲ့အကြား အက်ကွဲကြောင်းတစ်ခု ဖန်တီးပေးနိုင်ပါကြောင်း၊ အမေရိကန်နှင့် ကုန်သွယ်မှု သည် ဥရောပသမဂ္ဂ၏စုစုပေါင်းကုန်သွယ်မှု၏ ၁၈ ရာခိုင်နှုန်းရှိပြီး အမေရိကန်နှင့် ကုန်သွယ်မှုသည် ဥရောပသမဂ္ဂ၏ စုစုပေါင်းကုန်သွယ်မှု၏ ၇ ရာခိုင်နှုန်းရှိရာ ဥရောပသမဂ္ဂကုန်ပစ္စည်းများသည် သွင်းကုန်၏ ၂၀.၂ ရာခိုင်နှုန်းရှိကြောင်း၊ ခြိမ်းခြောက်ထားသော အခွန်ကောက်ခံမှုများသည် အီလက်ထရွန်းနစ်အစိတ်အပိုင်းများ၊ မော်တော်ကားများ၊ ဆေးဝါးများနှင့် ရေနံကဲ့သို့သောကုန်စည်များ၏ ဈေးနှုန်းများကို သိသိသာသာမြင့်တက်စေပြီး အမေရိကန်၏ငွေကြေးဖောင်းပွမှုကို လက်ရှိ ၂.၇ ရာခိုင်နှုန်းအဆင့်မှ လျှော့ချရန် ပိုမိုခက်ခဲစေမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ GDP ကိုလည်းဆိုးကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း Asia Plus Securities (ASPS) က ပြောကြားခဲ့ပါသည်။
သို့သော်လည်း အမေရိကန်နှင့် ဥရောပသမဂ္ဂအကြား ပဋိပက္ခသည် ထိုင်းနိုင်ငံအတွက် အကျိုးရှိနိုင်သည်ဟု ဝန်ဆောင်မှုဆောင်ရွက်သူများက ယုံကြည်ကြပါကြောင်း၊ အမေရိကန်သည် ထိုင်းနိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှု၏ ၁၂.၉ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၈၃ ဘီလီယံရှိပြီး ဥရောပသမဂ္ဂသည် အမေရိကန်ဒေါ်လာ ၄၉ ဘီလီယံ သို့မဟုတ် ၇.၆၃ ရာခိုင်နှုန်းရှိကြောင်း၊ ဈေးကွက်နှစ်ခုပေါင်းပါက ထိုင်းနိုင်ငံ၏ ပြည်ပကုန်သွယ်မှု၏ ၂၀.၅ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၃၂ ဘီလီယံခန့်ရှိပြီး ထိုင်းနိုင်ငံ၏အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သော တရုတ်နိုင်ငံ၏ပံ့ပိုးကူညီမှုကို ကျော်လွန် နေကြောင်း၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် အပြန်အလှန်ကုန်သွယ်မှုကို ရပ်တန့်ပြီး ထိုင်းကုန်ပစ္စည်းများကို တင်သွင်းလာနိုင်ရာ ထိုင်းတင်ပို့မှုများကို အကျိုးရှိစေမည်ဖြစ်ကြောင်း၊ဒေသနှစ်ခုစလုံးမှကုမ္ပဏီများသည် ကြားနေအခြေစိုက် စခန်းဖြစ်သည့် ထိုင်းနိုင်ငံရှိ ထုတ်လုပ်မှုအခြေစိုက်စခန်းများတွင်လည်း ရင်းနှီးမြှုပ်နှံနိုင်ကြောင်း ASPS ဖြည့်စွက်သုံးသပ်ထားပါသည်။
ပဋိပက္ခသည် ကြီးထွားလာပါက ထိခိုက်ခံရသော ဥရောပရှိနိုင်ငံများရှိကုန်ပစ္စည်းများသည် အမေရိကန်တွင် ပိုမိုစျေးကြီးလာနိုင်ပြီး အမေရိကန်ကုန်ပစ္စည်းများသည်လည်း ဥရောပဈေးကွက်များတွင် ပိုမိုကန့်သတ်ဝင်ရောက်နိုင်မည်ဖြစ်ကြောင့်၊ ထို့ကြောင့် ဒေသနှစ်ခုစလုံးသည် အခွန်နည်းပါးသော ပို့ကုန်လုပ်ငန်းရှင်များထံမှ တင်သွင်းလာနိုင်ကြောင်း ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူများက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် အမေရိကန်နှင့်ဥရောပသမဂ္ဂနှစ်ခုလုံးနှင့် ကောင်းမွန် သောကုန်သွယ်ရေးဆက်ဆံရေးရှိသောကြောင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ပြီး ထိုင်းနိုင်ငံတွင် တိုးတက်မှုအလားအလာရှိသကဲ့သို့ ကုန်ကျစရိတ်လည်း နည်းပါးနေဆဲဖြစ်ကြောင်း ASPS မှ မှတ်ချက်ပြုခဲ့သည်။
ထိုင်းနိုင်ငံသည် စက်မှုလုပ်ငန်းသုံးကုန်ပစ္စည်းမျး၊ အထူးသဖြင့် အီလက်ထရွန်းနစ်အစိတ်အပိုင်းများ၊ မော်တော်ယာဉ်များနှင့် ပြုပြင်ထားသော အစားအစာများအတွက် ထုတ်လုပ်မှုအခြေခံတစ်ခုဖြစ်ပါကြောင်း၊ အမေရိကန်နှင့် ဥရောပနှစ်ခုစလုံးက ထိုင်းထုတ်လုပ်သူများထံမှ တင်သွင်းမှုကို တိုးမြှင့်လာနိုင်ခြေရှိပါကြောင်း၊ အမေရိကန်နှင့် တောင်အမေရိက၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပတို့အကြား ပဋိပက္ခများသည် ရှယ်ယာများအပါအဝင် အန္တရာယ်ရှိသောပိုင်ဆိုင်မှုများကို ထိခိုက်စေသော်လည်း ရန်ပုံငွေစီးဆင်းမှုများသည် ထိုင်းစတော့အိတ်ချိန်းကဲ့သို့သော အာရှစတော့ဈေးကွက်များအပါအဝင် မသေချာမရေရာမှုနည်းသော ဈေးကွက်များသို့ပြောင်းလဲနိုင်ကြောင်း ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူများက ပြောကြားခဲ့သည်။
ယင်းပြောင်းလဲမှုသည် WHA Corporation(WHA)နှင့် Amata Corporation(AMATA)ကဲ့သို့သောစက်မှုဇုန်များ၊ Delta Electronics Thailand (DELTA)၊ Somboon Advance Tech-nology(SAT)နှင့် AAPICO(AH)အပါအဝင် အီလက်ထရွန်းနစ်နှင့် မော်တော်ကားအစိတ် အပိုင်းထုတ်လုပ်သူများနှင့် စီမံထားသော အစားအစာကုမ္ပဏီများဖြစ်သည့် Charoen Pokphand Foods (CPF)၊ Thai Union Group (TU) နှင့် Thaifoods Group(TFG)တို့အတွက် အပြုသဘောဆောင်သောကိစ္စရပ်များရှိလာလိမ့်မည်ဟု ASPS က ဖြည့်စွက်ပြောကြားခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)