International News

"လက်ရှိ စီးပွားရေးအန္တရာယ်များကြောင့် ရုရှားဗဟိုဘဏ်၏ အတိုးနှုန်းဆက်လက်လျှော့ချရေး အခွင့်အလမ်းများ ကျဉ်းမြောင်းလာနိုင်"

Last Updated:

အနာဂတ်တွင် ငွေကြေးဖောင်းပွမှုကို မြှင့်တင်နိုင်သည့် အန္တရာယ်များ (Pro-inflationary risks)တိုးလာခြင်းနှင့် လာမည့်သုံးနှစ်အတွင်း အစိုးရ၏ဘတ်ဂျက်မူဝါဒသည် မျှော်မှန်းထားသည်ထက် ပိုမိုလှုံ့ဆော်အားပေးသည့်ပုံစံဖြစ်လာခြင်းတို့ကြောင့် ရုရှားဗဟိုဘဏ်(Central Bank)၏အတိုးနှုန်းကို ဆက်လက်လျှော့ချရန် နေရာလွတ်(အခွင့် အလမ်း)ကို ကန့်သတ်လာနိုင်ကြောင်း ရုရှားဗဟိုဘဏ်ဥက္ကဋ္ဌ အယ်လ်ဗီရာ နာဘီအူလီနာ က ယူဆကြောင်း ပြောကြားခဲ့သည်။

သူမက သတင်းစာရှင်းလင်းပွဲတွင် အောက်ပါအတိုင်း ပြောကြားခဲ့သည်-

"အနာဂတ်အတွက် ငွေကြေးဖောင်းပွမှုဆိုင်ရာအန္တရာယ်များ သိသိသာသာမြင့်တက်လာခဲ့သည်။ လာမည့်သုံးနှစ်တာကာလအတွင်း ဘတ်ဂျက်မူဝါဒသည် ကျွန်ုပ်တို့၏အခြေခံခန့်မှန်းချက်တွင် ထည့်သွင်းထားသည်ထက် ပိုမိုလှုံ့ဆော်အားပေးသည့် သဘောထားဖြစ်လာမည်ဖြစ်သည်။ ထို့အပြင် လတ်တလောလများအတွင်း ချေးငွေထုတ်ပေးမှုတိုးတက်နှုန်းလည်း သိသိသာသာမြန်ဆန်လာခဲ့သည်။ ယင်းအခြေအနေများကြောင့် အတိုးနှုန်းကို နောက်ထပ်လျှော့ချနိုင်မည့်အခွင့်အလမ်းများကို ကန့်သတ်လာနိုင်ပြီး၊ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် အတိုးနှုန်းလျှော့ချရာတွင် ပိုမိုသတိထား၍ အကန့်အသတ်ရှိသောအဆင့်တစ်ခုသာ ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။

Source: https://www.interfax.ru

(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News