International News

အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပဲပုတ်စေ့တင်ပို့မှုမြင့်တက်လျက်ရှိသော်လည်း နှစ်နိုင်ငံကုန်သွယ်မှု သိသိသာသာကျဆင်းလျက်ရှိ

Last Updated:

အမေရိကန်နိင်ငံမှ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့သောကုန်စည်မှာ ပဲပုတ်စေ့ဖြစ်ပါသည်။ ထို့ကြောင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်တွင် နှစ်နိုင်ငံအကြား ပဲပုတ်စေ့နှင့်စပ်လျဉ်းသည့် ကုန်သွယ်ရေး သဘောတူစာချုပ်တစ်ခုချုပ်ဆိုနိုင်ခဲ့ကာ တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၁၂ သန်းကို ဝယ်ယူရန်ကတိကဝတ်ပြုခဲ့သည်။

တရုတ်နိုင်ငံမှ ပဲပုတ်စေ့များကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အများစုကိုတင်ပို့ခဲ့သည်။ အဆိုပါပဲပုတ်စေ့တစ်မျိုးတည်းသာတိုးတက်တင်ပို့နိုင်ခဲ့သော်လည်း နှစ်နိုင်ငံကုန်သွယ်ရေးတွင် ကြီးမားသောတိုးတက်မှုမရှိခဲ့ဘဲ နှစ်နိုင်ငံအကြားကုန်သွယ်မှုသိသိသာသာကျဆင်း ခဲ့သည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် နှစ်နိုင်ငံအကြားစုစုပေါင်းကုန်သွယ်ရေးတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၆.၉ ဘီလီယံထိကျဆင်းခဲ့ပြီး ယင်းကုန်သွယ်မှုပမာဏသည် ၂၀၂၀ ခုနှစ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပြတ်သွားသောအချိန်ကာလအတွင်းရရှိခဲ့သည့် ကုန်သွယ်မှုပမာဏအောက် ကျဆင်းခဲ့သည်။

https://seekingalpha.com/article/4889193-us-china-trade-falls-despite-being-propped-up-by-soybean-exports

(ခင်မြမြထွေး၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News