နန်နင်းအကောက်ခွန်ဌာန၏အချက်အလက်များအရ ကွမ်ရှီးဒေသ၏စုစုပေါင်းပြည် ပကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်၊ ပထမငါးလတွင် ယွမ်(၃၂၃.၆၄)ဘီလီယံ(အမေရိကန်ဒေါ်လာ ၄၅.၀၃ ဘီလီယံ)သို့ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ်(၁၄.၈) ရာခိုင်နှုန်းတိုးလာကာ တရုတ်နိုင်ငံ၏စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုတိုးတက်မှုထက် (၁၂.၃)ရာခိုင်နှုန်းပိုများကြောင်း သိရှိပါသည်။
အာဆီယံနှင့်ကုန်သွယ်မှုသည် ယွမ်ငွေ(၁၇၃.၅)ဘီလီယံကျော်လွန်ခဲ့ပြီး ကွမ်ရှီးဒေသ၏ စုစုပေါင်းကုန်သွယ်မှု၏ (၅၃.၆)ရာခိုင်နှုန်းရှိကြောင်း၊ ဗီယက်နမ်သည် ထိပ်တန်းကုန်သွယ်ဖက်အဖြစ် ဆက်လက်ရပ်တည်လျက်ရှိပြီး ထိုင်းနှင့်အင်ဒိုနီးရှားတို့နှင့်ကုန်သွယ်မှုသည် သိသိသာသာတိုးတက်လာကြောင်း သိရှိရပါသည်။
ပြည်တွင်းစားသုံးသူဈေးကွက်အားကောင်းလာခဲ့ခြင်းကြောင့် အာဆီယံနိုင်ငံများမှ လယ်ယာထွက်ကုန်တင်သွင်းမှုမြင့်တက်လာပြီး မေလတစ်လတည်းတွင် ကွမ်ရှီးဒေသသည် လူသုံးကုန်ပစ္စည်း ယွမ်(၂.၀၁)ဘီလီယံတင်သွင်းခဲ့ကြောင်း၊ အင်ဒိုနီးရှားစားအုန်းဆီ၊ ကမ္ဘောဒီးယားငှက်ပျောသီးနှင့် ထိုင်းသစ်သီးဖျော်ရည်တင်သွင်းမှုမှာ (၂၀၀)ရာခိုင်နှုန်း၊ (၁၈၀)ရာခိုင်နှုန်းနှင့် (၈၀၀)ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
စက်ပစ္စည်းနှင့် လုပ်သားဗဟိုပြုထုတ်ကုန်များသည် ကွမ်ရှီးဒေသ၏ ထိပ်တန်းပို့ကုန်အဖြစ် ဆက်လက်တည်ရှိနေခဲ့ပြီး လီသီယမ်ဘက်ထရီတင်ပို့မှုမှာ သုံးဆနီးပါးမြင့်တက်လာခဲ့ကြောင်း၊ အစုံလိုက်တင်သွင်းသည့်ကုန်ပစ္စည်းများမှာလည်း ပြန် လည်မြင့်တက်လာခဲ့ပြီး ယွမ်(၇၄.၂၉)ဘီလီယံအထိရှိခဲ့ကြောင်း၊ စက်ယန္တရားများနှင့် မော်တော်ကားထုတ်လုပ်ရေးကဲ့သို့သော အဓိကစက်မှုလုပ်ငန်းများတွင် ပိုမိုအားကောင်းလာပြီး ကွမ်ရှီးဒေသ၏နိုင်ငံခြားကုန်သွယ်မှုကို ဆက်လက်တွန်းအားပေးလျက်ရှိကြောင်း သိရှိရပါသည်။
Source: en.gxzf.gov.cn/2025-06/18/c_1101407.htm
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)