International News

ဗီယက်နမ်နိုင်ငံ အထည်ချုပ်နှင့်အထည်အလိပ်ကဏ္ဍမှ ပို့ကုန်ဝင်ငွေသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၂၁.၈ ဘီလီယံရရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ အထည်ချုပ်နှင့် အထည်အလိပ်ထုတ်ကုန်များတင်ပို့မှုမှ ပို့ကုန်ဝင်ငွေသည် ၂၀၂၅ ခုနှစ် ပထမ ၆ လအတွင်း အမေရိကန်ဒေါ်လာ ၂၁.၈ ဘီလီယံအထိရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၀.၆ ရာခိုင်နှုန်းတိုးလာကြောင်း  ဗီယက်နမ်နိုင်ငံ ချည်ထည်နှင့်အထည်အလိပ်(VITAS)၏အဆိုအရ သိရှိရပါသည်။

အဆိုပါကဏ္ဍ၏ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂.၇ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၉.၃ ရာခိုင်နှုန်းမြင့်တက်လာကြောင်းနှင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၉.၁ ဘီလီယံအထိရှိခဲ့ကြောင်းဖော်ပြထားပါသည်။ဤကဏ္ဍမှ နှစ်စဉ်ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၆ မှ ၄၇ ဘီလီယံ အထိမျှော်မှန်းထားကြောင်း သိရှိရပါသည်။

အဆိုပါရည်မှန်းချက်ကို ဖြည့်ဆည်းရန်အတွက် ကဏ္ဍအလိုက်လူ့စွမ်း အားအရင်းအမြစ် သင်တန်းများ၊ ဒီဇိုင်းနှင့်ထုတ်လုပ်မှုတွင် သတင်းအချက်အလက်နည်းပညာကို အသုံးချခြင်း၊ ပြည်ပပို့ကုန်ဈေးကွက်များအားကွဲပြားစေခြင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)ဆွဲဆောင်မှုနှင့် အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးတို့အပါအဝင် ကဏ္ဍအလိုက် ဖြေရှင်းနည်းများစွာကို ဆောင်ရွက်ခဲ့ပါကြောင်း VITAS အသင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Truong Van Cam မှ ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

Source: VN Economy

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News