International News

မြန်မာ-ယူနန်စီးပွားရေးနှင့်ကုန်သွယ်မှုမြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်

Last Updated:

မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ Kunming ASEAN International Trade and Investment Promotion Association မှ ကိုယ်စားလှယ်အဖွဲ့နှင့် ကူမင်းကောင်စစ် ဝန်ချုပ်ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကောင်စစ်ဝန်ချုပ်နှင့်အဖွဲ့တို့ ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် တွေ့ဆုံ၍ နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါ သည်။

တွေ့ဆုံဆွေးနွေးရာတွင် အဆိုပါအဖွဲ့မှ မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဍနှင့်အခြေခံအဆောက်အဦကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံလိုပါကြောင်း၊ မြန်မာဘက်မှစီးပွားရေးသံမှူးက မြန်မာနိုင်ငံမှ ဆန်(ပေါ်ဆန်းမွှေး)၊ ပဲ၊ ပြောင်း၊ ဝါ၊ ဝါး၊ ကော်ဖီ၊ ရော်ဘာစသည်ဖြင့် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများကို ပိုမိုဝယ်ယူရေး၊ တရုတ်နိုင်ငံ၏ သွင်းကုန်တိုးမြှင့်မူဝါဒနှင့်အညီ မြန်မာ့ကုန်စည်များကို ပိုမိုဝယ်ယူတင်သွင်းရေး၊ နှစ်နိုင်ငံလုံးအတွက် ရေရှည်အကျိုးစီးပွားရရှိရေးပူးပေါင်းဆောင်ရွက်မှုတည်တံ့စေရန် နှစ်ဖက်ဆောင်ရွက်လိုသည့် စီးပွားရေးဆိုင်ရာ သတင်းအချက် အလက်များကို ဖလှယ်သွားရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Kunming ASEAN International Trade and Investment Promotion Association အစီအစဉ်ဖြင့် ယူနန်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ လာရောက်၍ ၎င်းတို့ရင်းနှီး မြှုပ်နှံလိုသည့်ကဏ္ဍနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၊ ကုန်သည်အသင်းများနှင့်တွေ့ဆုံဆွေးနွေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားကြရန် ဆွေးနွေး ခဲ့ကြပါသည်။

(ခင်မြမြထွေး၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News